달력

5

« 2025/5 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

ကိုရိုနာ-19က ကိုရီးယားကို ဝင်လာတာ 2လကျော်လို့ 3လထဲ ရောက်တော့မယ်ဆိုတော့ စီးပွားရေး လုပ်ငန်းတွေ၊ အလုပ်သမားတွေ၊ စျေးဆိုင်တွေလည်း ညည်းငြူလာကြပြီ။ တချို့ တိုင်းဒေသကြီး အစိုးရတွေကတော့ ချို့တဲ့တဲ့ လူတန်းစားတွေကို တစ်လ ၃သိန်းနှင့်အထက် ထောက်ပံ့ကြေးများ ထောက်ပံခြင်းများ လုပ်ဆောင်လျက် ရှိပါတယ်။ တစ်နိုင်ငံလုံး အနေအထားနဲ့ ကပ်ဘေးရှောင် ထောက်ပံ့ကြေးပေးဖို့ တင်ပြခဲ့ပေမဲ့ ဆိုင်းငံ့ထားခဲ့တာဟာ ယနေ့မှာတော့ သမ္မတ မွန်းဂျယ်အင်းမှနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၄ယောက်မိသားစုနှုန်းကို ထောက်ပံ့ကြေး ၁၀သိန်း ထောက်ပံ့ဖို့ ကြေငြာလိုက်ပါပြီ။

မိသားစု ဦးရေ

သတ်မှတ် တစ်လ ဝင်ငွေနှုန်း

ထောက်ပံ့ကြေး

1ယောက်တည်းသမားများ

ဝမ် 26သိန်း 4သောင်းအောက်

-

မိသားစုဝင် 2ယောက်

ဝမ် 44သိန်း 9သောင်းအောက်

-

မိသားစုဝင် 3ယောက်

ဝမ် 58သိန်း 1သောင်းအောက်

-

မိသားစုဝင် 4ယောက်

ဝမ် 71သိန်း 2သောင်းအောက်

10သိန်း(Standard)

မိသားစုဝင် 5ယောက်

ဝမ် 84သိန်း 4သောင်းအောက်

-

မိသားစုဝင် 6ယောက်

ဝမ် 97သိန်း 6သောင်းအောက်

-

 

        ဆိုလိုတာ 4ယောက်မိသားစု ဝင်ငွေက တစ်လ ၇၁သိန်း၂သောင်းနှင့် အထက်ဆိုရင် အစိုးရ ထောက်ပံ့ကြေး မရပါဘူး။ 4ယောက် မိသားစုဆို 10သိန်း၊ သူ့ထက် နည်းရင် ထောက်ပံ့ကြေးလည်း လိုက်နည်းပြီး၊ 4ယောက်ထက် များတယ်ဆိုရင်လည်း မိသားစုဝင် အရေအတွက်အလိုက် ထောက်ပံ့ကြေးလည်း အပြောင်းအလဲ ရှိမယ်ဆိုတဲ့ သဘော ဖြစ်တယ်။

 

  ဖော်ပြပါ တစ်လဝင်ငွေနှုန်းနှင့် အထက် ဝင်ငွေ ရရှိနေသော မိသားစုများကတော့ ထောက်ပံ့ကြေး ရရှိမှာ မဟုတ်ပါ။ အမှန်တကယ် ချပေးတဲ့အခါ သတ်မှတ်ဝင်ငွေနှုန်းက ဖော်ပြထားတာထက် အနည်းငယ် နိမ့်သွားမယ်လို့ ခန့်မှန်းရပါတယ်။ ဒါဟာ လစဥ်ပေးဆောင်ထားတဲ့ အာမခံကြေးကိုပါ ထည့်သွင်းစဥ်းစားသွားမှာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ 

  

   ထို့အပြင် အာမခံကြေး လျှော့ကောက်ခြင်း၊ ချို့တဲ့ လူတန်းစားများအတွက် သီးသန့် ထပ်ပေါင်းထောက်ပံ့ခြင်း စသည့် နည်းလမ်းများနှင့် ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ပါတယ်။ သမ္မတ မွန်းဂျယ်အင်းကတော့ “အစိုးရကတော့ ဝင်ငွေနည်းသည့် လူတန်းစားများနှင့် သတ်မှတ်ထားသည့် ပမာဏအောက် အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် အာမခံကြေးနှင့် မီတာခများ ပေးဆောင်ရက်များ နောက်ရွှေ့ပေးခြင်း၊ သို့မဟုတ် လျှော့ချ ကောက်ခံခြင်းများ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ ဒီ ဆုံးဖြတ်ချက်ကိုတော့ 3လပိုင်းအတွက် ပေးဆောင်ရမယ့် အခွန်အခများမှ စတင်ပြီး အသက်ဝင်စေပါမယ်။ လို့ ပြောကြားခဲ့ပါတယ်။

 

အခုမှ နားလည် သဘောပေါက်သွားတာကတော့ အစိုးရကို အခွန်ဆောင်တယ်ဆိုတာ အလကား ဆောင်နေကြတာ မဟုတ်ဘူးဆိုတာပါပဲ။ အရေးကြုံလာတော့ အဲ့ဒီအခွန်တွေပဲ ထုတ်သုံးကြရတာပါပဲ။ ကိုယ်လည်း အခွန်ဆောင်းထားရတာ။ အခွန်အဖြတ်ခံရတိုင်း ငိုချင်ခဲ့ပေမဲ့ အခုလို အကျိုးရှိရှိ အသုံးချတာ မြင်ရတော့လည်း ပီတိဖြစ်ရပါတယ်။

 

အမှန်တကယ်ဆိုရင် ဝင်ငွေ ပိုများတဲ့ သူတွေက အခွန် ပိုတောင် ဆောင်ရသေးတဲ့ဟာကို တကယ်တမ်း ပြန်လည် ထောက်ပံ့တော့ သူတို့တွေကို ဖယ်ထားခဲ့တယ်။ ဒါကို မကျေနပ်တဲ့ သူတွေလည်း ရှိတာပေါ့နော်။ ဒါပေမဲ့ အစိုးရဆိုတာ ချင့်ချိန်ပြီး လုပ်သင့်တာကို လုပ်တာ၊ ဥပဒေနဲ့ ကိုင်ပြီး လုပ်တာ ဖြစ်တဲ့အတွက် မကျေနပ်တဲ့ သူ ရှိလည်း ရှိရှိပဲလေ။ ပြည့်နေတဲ့ အိုးကို လျှံကျအောင် ထပ်ဖြည့်ရလောက်အောင် နိုင်ငံတော်ရဲ့ ဘဏ္ဍာက ပိုလျှံနေတာ မဟုတ်ဘူးလေ။ ဒါကို ဒီမှာ တော်တော်များများတော့ နားလည်ပေးကြပါတယ်။

 

 

ကိုးကား။ https://www.mk.co.kr/news/politics/view/2020/03/326691/

:
Posted by 해맑은순이