달력

5

« 2025/5 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

Q: ကိုရိုနာက ဘယ်လိုမျိုး ကူးစက်တတ်လဲ။

A: ချောင်းဆိုးတဲ့အခါ ထွက်လာတဲ့ တံတွေးမှုန်၊ နှာချေတဲ့အခါ ထွက်လာတဲ့ နှာရည်မှုန် စတာတွေနဲ့ ထိတွေ့မှုတွေကနေ ကူးစက်ပြန့်ပွားတယ်လို့ ခန့်မှန်းရပါတယ်။ ရောဂါပိုး ရှိသူက စကားပြောတဲ့အခါပဲဖြစ်ဖြစ်၊ ချောင်းဆိုးတဲ့အခါပဲဖြစ်ဖြစ် သူ့ဆီက ထွက်လာတဲ့ နှာရည်မှုန်၊ တံတွေးမှုန်လေးတွေဟာ 1-2မီတာလောက်ထိ စင်ထွက်လာနိုင်ပါတယ်။ ထို အမှုန်တွေဟာ တခြားသူရဲ့ အသက်ရှူလမ်းကြောင်းထဲကို တိုက်ရိုက် ဝင်သွားနိုင်သလို စားပွဲ၊ လက်ကိုင် စတာတွေမှာ ကပ်နေပြီး ထို ရောဂါပိုး ကပ်နေတဲ့ စားပွဲတို့ အရာဝတ္တုများကို ကိုင်မိတဲ့သူက လက်မဆေးဘဲ မိမိ၏ ပါးစပ်တို့၊ နှာခေါင်းတို့ကို ကိုင်မိရင် အမှေးပါးတွေ၊ အသက်ရှူလမ်းကြောင်းက တစ်ဆင့် ဝင်ရောက်သွားနိုင်ပါတယ်။ ကိုရိုနာ-19က လေထဲမှာ လွင့်နေရာကနေ ကူးစက်တာတို့ ဘာတို့ တော့ မတွေ့ရှိရပါ။

 

Q: မျက်လုံးတို့ အရေပြားမှ တစ်ဆင့် ကူးစက်နိုင်သလား။

A: ကိုရိုနာ ဗိုင်းရပ်စ်က တခြားသော အဖျားပိုးတွေနဲ့ ယှဥ်ရင် စားပွဲတို့၊ လက်ကိုင် စသည်တို့မှာ အချိန်ကြာကြာ ကပ်ပြီး အသက်ရှင်နေနိုင်တယ်။ အဲ့တော့ ကိုယ်တွေ သတိမထားမိလိုက်ဘဲ ရောဂါပိုး ကပ်နေတဲ့ အရာကို ကိုင်လိုက်မိရင် ထို လက်နဲ့ မျက်လုံး စတဲ့ အမှေးပါးလေးတွေ၊ နှာခေါင်း၊ ပါးစပ်တို့ကို ထိမိလိုက်ရင် အသက်ရှူလမ်းကြောင်းထဲကနေ ရောဂါပိုး ဝင်သွားနိုင်ပါတယ်။ ဒါ့ကြောင့် လက်ဆေးရည်(ပိုးသတ်ဆေး) စတာတွေနဲ့ လက်သန့်ရှင်းရေးကို အထူး သတိပြု လုပ်ဆောင်ခြင်းဟာ ရောဂါပိုးကို ကာကွယ်နိုင်ပါတယ်။ အရေပြားကနေတော့ တိုက်ရိုက် ဖောက်ပြီး ခန္ဓာကိုယ်ထဲကို မဝင်နိုင်ပါဘူး။

 

Q: ဗိုင်းရပ်စ်က အဝတ်အစားတွေမှ တစ်ဆင့် ကူးနိုင်လား။

A: ဗိုင်းရပ်စ်က အဝတ်အစားလိုမျိုး အပြည့်အဝ မသန့်ရှင်းတဲ့ ဟာမျိုးမှာ မနေနိုင်ပါဘူး။ ဆေးရုံ လူနာမေးသွားတာတို့၊ ရောဂါပိုးရှိနိုင်တဲ့ သူမျိုးနဲ့ ပတ်သက်မှု မရှိဘူးဆိုရင် ပိုးသတ်စရာ မလိုပါဘူး။

 

Q: ဗိုင်းရပ်စ်က ဆံပင်မှာ ကပ်နိုင်လား။

A: ပုံမှန်အားဖြင့် အပြင်က ပြန်လာတယ်ဆိုပြီး ခေါင်းလျှော်တာတို့ ၊ ပိုးသတ်ဆေး ဖျန်းတာတို့ လုပ်စရာ မလိုပါဘူး။ လက်ရှိ လေ့လာစမ်းသပ်ချက်များအရ ဗိုင်းရပ်စ်က ပြင်ပ ခရမ်းလွန်ရောင်ခြည်ကို ကြောက်တယ်။ အပြင်ကနေပြီး ဗိုင်းရပ်စ်က ကပ်ပါလာနိုင်ချေ အင်မတန်မှ နည်းတဲ့အတွက် ပုံမှန် ခေါင်းလျှော်နေကျအတိုင်းပဲ လျှော်ရင် ရပါတယ်။

 

Q: ရောဂါလက္ခဏာ မပြသေးတဲ့ သူဆီကနေရော ရောဂါပြန့်ပွားနိုင်လား။

A: ရောဂါလက္ခဏာ မပြသေးသူကို ရိုးရိုး x-ray ရိုက်ကြည့်တဲ့အခါမှာတော့ သိပ်မသိသာပေမဲ့၊ CT စစ်ဆေးမှု အဖြေမှာတော့ ကိုရိုနာ-19 ကူးစက်ခံထားတာကို တွေ့ရပါတယ်။ ဇန်နဝါရီလ 30ရက် The New England Journal of Medicine (NEJM) က ထုတ်ပြန်ထားတဲ့ စာတမ်းအရ ရောဂါလက္ခဏာ မပြသေးခင် လူနာကနေ တစ်ဆင့် ကူးစက်ခံရသူများ ရှိနေတဲ့ case များ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

 

Q: နှာခေါင်းစည်း မဖြစ်မနေ တပ်ရမှာလား။

A:

1. ကိုရိုနာ-19 ကျန်းမာရေး ညွှန်ကြားချက်များအတိုင်း ဖုန်း အစရှိသည့် ကိုယ်ပိုင်ပစ္စည်းများ သန့်စင်ခြင်း၊ တစ်ဦးနှင့် တစ်ဦး သတ်မှတ်အကွာအဝေးအတိုင်း ခပ်ခွာခွာ နေခြင်း၊ အခန်း လေလှယ်ခြင်း စသည့် တစ်ကိုယ်ရည် သန့်ရှင်းရေးများကို သတိထား လုပ်ဆောင်ပါ။

2. ရောဂါပိုး ရှိသူနှင့် ထိတွေ့ဆက်ဆံခြင်း၊ ရောဂါကူးနိုင်ချေများတဲ့ အနေအထား၊ နဂို အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါရှိနေတဲ့ သူများကတော့ ကျန်းမာရေးသုံး နှာခေါင်းစည်း(N95, K80, K94, K99)မျိုးကို သုံးပေးသင့်ပါတယ်။

3. ရောဂါပိုး ကူးနိုင်ချေ မရှိတဲ့ နေရာ၊ ကျန်းမာရေးသုံး နှာခေါင်းစည်း မရှိတဲ့ နေရာမှာဆိုရင်တော့ တခြားသူရဲ့ တံတွေးမှုန်များ မစင်အောင်ဘဲ ကာပေးတဲ့ ချည်သား(ဇကာပါတဲ့)နှာခေါင်းစည်းကို သုံးပေးရင် အထောက်အကူ ဖြစ်ပါတယ်။

4. လူမစည်ကားတဲ့ ပြင်ပနေရာ၊ အိမ်မှာ၊ ကိုယ်တစ်ယောက်တည်း ရှိနေတဲ့အခါမှာတော့ နှာခေါင်းစည်း တပ်ထားစရာ မလိုပါဘူး။

 

ayeayeaung

:
Posted by 해맑은순이