2019. 1. 26. 20:06
Mi Aye 와 큰 나무망치 Short story of Mi Aye2019. 1. 26. 20:06
Zawgyi
မိေအးတို႔ အိမ္မွာ အိုးလုပ္ငန္း လုပ္ေတာ့ အစ္မေတြက အိုးထြင္း၊ အစ္ကိုေတြက ေျမႀကီးနင္း၊ ေျမႀကီးျခစ္နဲ႔ ကိုယ္စီ တာဝန္ အသီးသီးနဲ႔ေပါ့။ မိေအးကေတာ့ ေျပးလႊားေဆာ့ကစားတဲ့ အ႐ြယ္ေလးေပါ့။ ေျမအိုး၊ အိုးဘုတ္ေတြ လုပ္တဲ့အခါ သုံးရန္ ေျမႀကီးပုံႀကီးဟာ မိေအးတို႔ တူတူပုန္းတမ္း ကစားတဲ့ ကစားကြင္း ေနရာေလ။ အစ္ကိုေတြက ေျမႀကီးျခစ္တဲ့အခါ က်စ္က်စ္လ်စ္လ်စ္ရွိေအာင္ ေျမႀကီးပံုကို တင္းပုတ္နဲ့ ထုလိုက္ ျခစ္လိုက္ လုပ္ၾကရတယ္။ တစ္ေန႔ မိေအး အေလာတႀကီးနဲ့ ဇြန္းေလးကိုင္ၿပီိး ေျမႀကီးပုံ ေဘးက ျဖတ္အသြား အစ္ကိုငယ္ လႊဲလိုိက္တဲ့ တင္းပုတ္နဲ႔ မိေအး ဒူးနဲ႔ ဝမ္းဆက္ျဖစ္သြားၿပီး ၾကယ္ေတြလေတြ ျမင္သြားပါေလေရာ။ မိေအးလည္း အသံၿပဲၾကီးနဲ့ ငိိုပါေလေရာ။ မိေအး ငိုသံၾကားေတာ့ အေဖကလည္း ဘယ္ေျပာေကာင္းမလဲ ေျမႀကီး ထုေနတဲ့ အစ္ကိုကို မင္း တမင္လုပ္တာ မဟုတ္လားဆိုၿပီး ႐ိုက္ဖို႔ တုတ္အဆြဲ၊ မိေအး စိတ္ထဲမွာ အစ္ကိုငယ္ကို အရမ္းသနားသြားတယ္။ ဘာျဖစ္လို႕လဲဆိုေတာ့ သူ႕မွာ ဘာအျပစ္မွမွ မရိိွတာကိုး။ ေနာက္ၿပီး အေဖ့ရဲ႕ အစ္ကိုငယ္အေပၚ စြပ္စြဲခ်က္ကို လက္မခံနိုင္တာလည္း ပါတယ္။ မိေအးလည္း ဘယ္ရမလဲ ငိုသံပါႀကီးနဲ႔ သမီးက ဝင္တိုက္တာဆိုၿပီး ေျပာေတာ့မွ အေဖလည္း ရပ္သြားေတာ့တယ္။ မိေအးတို႕ ေမာင္နွမေတြ မိဘရဲ႕ ယံုၾကည္မွုကို အျပည့္အဝ မရရိွဘဲ ၾကီိးျပင္းလာလို႕လား မသိဘူး။ သူမ်ား သံသယဝင္ခံရမွာ၊ ကိုယ္မလုပ္ဘဲ၊ ကိုယ္မခိုးဘဲ လုပ္တယ္၊ ခိုးတယ္လို႕ စြပ္စြဲခံရမွာကို ေသမေလာက္ေၾကာက္ၾကတယ္။ အဲသလို အစြပ္စြဲခံရမယ့္ ကိစၥမ်ိုး ျဖစ္လာမယ္ထင္တာနဲ႕ ေဝးေဝးက ေရွာင္တယ္။ မရိွ ခိုးနိုး၊ မလွစုန္းမ်ိဳး ဆိုသလိုပဲ ငယ္ငယ္ေလးကတည္းက လူေတြရဲ႕အေၾကာင္းကို သိလာရတယ္။ ကင္းနိုင္သမွ် ကင္းေအာင္ ေနတယ္။ ဒီအခ်က္ေလးေတြေၾကာင့္ပဲ ယေန႕ရဲ႕ မိေအးဆိုတာ ျဖစ္လာတာလို႕ ေျပာရင္လည္း မမွားပါဘူး။ အတိတ္ဆိုတာ ရိိွလို႕သာ ပစၥဳပၸန္ဆိုတာ ျဖစ္လာတာေလ။ အဲဒီအတိတ္ကို ဘယ္လို အဓိပၸါယ္ ဖြင့္ဆိုသလဲဆိုတာပဲ အေရးၾကီးပါတယ္။ မိေအးကေတာ့ မိေအးရဲ႕ အတိတ္ကို မိေအး ျမတ္နိုးတယ္။ အတိတ္ဟာလည္း မိေအးဘဝရဲ႕ အစိတ္အပိုင္း တစ္ခု ျဖစ္တဲ့အတြက္ပဲ ျဖစ္ပါတယ္။
Unicode
မိအေးတို့ အိမ်မှာ အိုးလုပ်ငန်း လုပ်တော့ အစ်မတွေက အိုးထွင်း၊ အစ်ကိုတွေက မြေကြီးနင်း၊ မြေကြီးခြစ်နဲ့ ကိုယ်စီ တာဝန် အသီးသီးနဲ့ပေါ့။ မိအေးကတော့ ပြေးလွှားဆော့ကစားတဲ့ အရွယ်လေးပေါ့။ မြေအိုး၊ အိုးဘုတ်တွေ လုပ်တဲ့အခါ သုံးရန် မြေကြီးပုံကြီးဟာ မိအေးတို့ တူတူပုန်းတမ်း ကစားတဲ့ ကစားကွင်း နေရာလေ။ အစ်ကိုတွေက မြေကြီးခြစ်တဲ့အခါ ကျစ်ကျစ်လျစ်လျစ်ရှိအောင် မြေကြီးပုံကို တင်းပုတ်နဲ့ ထုလိုက် ခြစ်လိုက် လုပ်ကြရတယ်။ တစ်နေ့ မိအေး အလောတကြီးနဲ့ ဇွန်းလေးကိုင်ပြီး မြေကြီးပုံ ဘေးက ဖြတ်အသွား အစ်ကိုငယ် လွှဲလိုက်တဲ့ တင်းပုတ်နဲ့ မိအေး ဒူးနဲ့ ဝမ်းဆက်ဖြစ်သွားပြီး ကြယ်တွေလတွေ မြင်သွားပါလေရော။ မိအေးလည်း အသံပြဲကြီးနဲ့ ငိုပါလေရော။ မိအေး ငိုသံကြားတော့ အဖေကလည်း ဘယ်ပြောကောင်းမလဲ မြေကြီး ထုနေတဲ့ အစ်ကိုကို မင်း တမင်လုပ်တာ မဟုတ်လားဆိုပြီး ရိုက်ဖို့ တုတ်အဆွဲ၊ မိအေး စိတ်ထဲမှာ အစ်ကိုငယ်ကို အရမ်းသနားသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ ဘာအပြစ်မှမှ မရှိတာကိုး။ နောက်ပြီး အဖေ့ရဲ့ အစ်ကိုငယ်အပေါ် စွပ်စွဲချက်ကို လက်မခံနိုင်တာလည်း ပါတယ်။ မိအေးလည်း ဘယ်ရမလဲ ငိုသံပါကြီးနဲ့ သမီးက ဝင်တိုက်တာဆိုပြီး ပြောတော့မှ အဖေလည်း ရပ်သွားတော့တယ်။ မိအေးတို့ မောင်နှမတွေ မိဘရဲ့ ယုံကြည်မှုကို အပြည့်အဝ မရရှိဘဲ ကြီးပြင်းလာလို့လား မသိဘူး။ သူများ သံသယဝင်ခံရမှာ၊ ကိုယ်မလုပ်ဘဲ၊ ကိုယ်မခိုးဘဲ လုပ်တယ်၊ ခိုးတယ်လို့ စွပ်စွဲခံရမှာကို သေမလောက်ကြောက်ကြတယ်။ အဲသလို အစွပ်စွဲခံရမယ့် ကိစ္စမျိုး ဖြစ်လာမယ်ထင်တာနဲ့ ဝေးဝေးက ရှောင်တယ်။ မရှိ ခိုးနိုး၊ မလှစုန်းမျိုး ဆိုသလိုပဲ ငယ်ငယ်လေးကတည်းက လူတွေရဲ့အကြောင်းကို သိလာရတယ်။ ကင်းနိုင်သမျှ ကင်းအောင် နေတယ်။ ဒီအချက်လေးတွေကြောင့်ပဲ ယနေ့ရဲ့ မိအေးဆိုတာ ဖြစ်လာတာလို့ ပြောရင်လည်း မမှားပါဘူး။ အတိတ်ဆိုတာ ရှိလို့သာ ပစ္စုပ္ပန်ဆိုတာ ဖြစ်လာတာလေ။ အဲဒီအတိတ်ကို ဘယ်လို အဓိပ္ပါယ် ဖွင့်ဆိုသလဲဆိုတာပဲ အရေးကြီးပါတယ်။ မိအေးကတော့ မိအေးရဲ့ အတိတ်ကို မိအေး မြတ်နိုးတယ်။ အတိတ်ဟာလည်း မိအေးဘဝရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တဲ့အတွက်ပဲ ဖြစ်ပါတယ်။
Mi Aye네 집에서는 한 때 점토 도자기를 만들었다. 언니들은 도자인, 오빠들은 질 밟기를 맡아서 하며 각자 맡은 일에 충실했다. Mi Aye 는 뛰어놀기 바쁜 나이였다. 도자기를 만들 때 사용하는 원자재 점토를 쌓아둔 데는 산처럼 높았다. 그래서 술래잡이를 할 때는 숨기 좋은 데였다. 오빠들은 점토를 반죽할 때 힘이 덜 들이게 먼저 두드리고 낙으로 얇게 깎아내고 물을 뿌려 천으로 덮어놓고 어느 정도 물이 스며들었을 때야 반죽하는 거였다. 점토가 잘 깎아지게 큰 나무망치로 두드리는 일은 필수였다. 어느 날 Mi Aye가 숟가락 가지고 황급히 점토산더미 옆에서 지나갔을 때 나무망치가 Mi Aye의 무릎에 닿아 아파 죽을 것만 같았다. 큰 소리로 울음을 터뜨리자 아빠가 뛰어와 일하고 있는 오빠에게 '너 일부로 한 거 맞지? ' 라며 때리려고 했다. 아빠에게 맞을까봐 겁에 떨고 있는 오빠를 보고 미안한 마음이 생겼다. 아무 죄도 없고, 게다가 사람을 물어보지도 않고 아빠의 일반적인 생각으로 오빠를 나쁜 사람 취급한 것에 대한 조금 마음이 쓰였다. 그래서 울면서 '아빠! 내가 안 보고 지나가다 부딪혔다' 고 얘기를 했어야 오빠가 안 맞았다. 우리 형제/자매들이 부모의 믿음마저 못 받고 자라서 그런지 남들에게 오해 받을만한 행동이나, 훔치지도 않았는데 괜한 의심을 받을 수 있는 행동들을 되도록 안 하게 노력했다. 그런 낌새가 보이면 본인이 알아서 판단하고 멀리하는 습관을 몸으로 배웠다. 이런 점들이 오늘의 Mi Aye 라는 한 여자가 되어가는 과정의 일부분이라고 해도 과언은 아니다. 과거가 있으니 현재가 존재하기 때문이다. 그 과거를 어떻게 의미부여 하느냐가 중요한 것이란다. Mi Aye 는 자기의 과거를 사랑하고 귀한 경험으로 의미부여 하고 싶다.
mm.aaa.kr
'Short story of Mi Aye' 카테고리의 다른 글
세상에 하찮은 직업이란 없다. (0) | 2019.02.08 |
---|---|
사서 아픔을 한 Mi Aye. ေနမေကာင္းျဖစ္ခ်င္တဲ့ မိေအး (0) | 2019.02.01 |
작은 행복၊ ေပ်ာ္ရႊင္စရာ ေန့ေလးမ်ား (0) | 2019.01.25 |
낚시와 Mi Aye, မိအေးရဲ့ ငါးမျှားခြင်း အတွေ့အကြုံ (0) | 2018.12.24 |
사모사와 Mi Aye (ဆမူဆာနဲ့ မိအေး) (0) | 2018.12.19 |