달력

5

« 2025/5 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

'My Sister's Keeper'에 해당되는 글 1

  1. 2020.10.06 마이시스터즈 키퍼 "My Sister's keeper"

2020.10.05. "My Sister's keeper(2009)"

 

ဆေးကုသမှုပိုင်း ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ရရှိရေးအတွက် မိဘတွေကို တရားစွဲဆိုတဲ့ ဇာတ်ကား My Sister’s Keeper နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

 

တွေးစရာတွေ အများကြီးကို ချန်ပေးခဲ့တဲ့ ရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။

 

ဒီ ဇာတ်ကားထဲမှာ သားတစ်ယောက် သမီး တစ်ယောက် ရှိနေတဲ့ မိသားစုလေးဆီကို ကံဆိုးမှုကြီး တစ်ခု ကျရောက်လာခဲ့တယ်။ သမီးမှာ သွေးကင်ဆာရောဂါဖြစ်နေတယ်ဆိုတဲ့ သတင်းဆိုးကြီး သူတို့ မိသားစုလေးဆီ ရောက်လာခဲ့တယ်။ သူ့အတွက် လိုအပ်တဲ့ ရိုးတွင်းချဥ်ဆီတို့ ဘာတို့ကို မိဘတွေ၊ အစ်ကိုဖြစ်သူဆီကလည်း အမျိုးအစားမတူတော့ မရနိုင်ဘူး။

 

အဲ့ဒီမှာ ဆရာဝန်က ပုန်းလျှိုးကွယ်လျှိုးနဲ့ အကြံဉာဏ်ပေးတယ်။ ကလေး နောက်တစ်ယောက် ယူဖို့အစီအစဥ်မရှိဘူးလားပေါ့။ ဆိုလိုတာ ရောဂါသည် သမီးအတွက် လိုအပ်တဲ့ သွေး၊ ရိုးတွင်းချဥ်ဆီ အစရှိသည်ကို ပေးနိုင်မယ့် နောက်ကလေးကို ဆိုလိုတာ ဖြစ်တယ်။ ရိုးရိုး သဘာဝအတိုင်း ရလာတဲ့ ကလေးဆို အမျိုးအစား မတူနိုင်တဲ့အတွက် လိုချင်တဲ့ သွေးအမျိုးအစား၊ ချဥ်ဆီကအစ တူအောင် ဆေးပညာနဲ့ လုပ်ယူထားတဲ့ ကလေးကို မွေးတဲ့ နည်းလမ်းဖြစ်တယ်။ သမီးကို အသက်ရှည်ရှည်နေစေချင်တဲ့ အမေဖြစ်သူက ဘာနည်းပဲ ဖြစ်ဖြစ် ကြိုးစားကြည့်မယ်ဆိုပြီး ဆုံးဖြတ်ပြီးတော့ အငယ်ဆုံး ကလေးလေးကို မွေးခဲ့ကြတာပေါ့။ သူ့နာမည်က အန်နာတဲ့။

 

အန်နာလေးဟာ ငယ်ငယ်လေးကတည်းက အစ်မဖြစ်သူ ရောဂါအတွက် လိုအပ်တဲ့ သွေး၊ ချဥ်ဆီ၊ ဆဲလ် စတာတွေကို လှူနေခဲ့ရတာပေါ့။ သူလေး 11နှစ် သမီး အရွယ်လည်း ရောက်ရော အစ်မဖြစ်သူရဲ့ ကင်ဆာက ပိုဆိုးလာပြီး ကျောက်ကပ်ပါ ပျက်စီးသွားတော့ ကျောက်ကပ်ပ အစားထိုးပေးရမယ့် ကိန်းဆိုက်လာရော။

 

သမီးကြီးကို နောက်ဆုံးအချိန်ထိ ကယ်တင်ချင်တဲ့ အမေ တစ်ယောက်ရဲ့ ခံစားချက်၊ ငယ်ငယ်လေးကတည်းက ရောဂါနဲ့ နပန်းလုံးလာခဲ့ရတဲ့ ကင်ဆာရောဂါသည် သမီးကြီးရဲ့ ခံစားချက်၊ အစကတည်းက အစ်မရဲ့ အသက်ဆက်ကြိုးအဖြစ် မွေးလာခဲ့တဲ့ အန်နာ၊ အန်နာရဲ့ ခံစားချက်ရော၊ ရောဂါသည် သမီးရဲ့ ခံစားချက်ရော မိန်းမဖြစ်သူရဲ့ ခံစားချက်ကိုရောကို အပြည့်အဝ နားလည်နေတဲ့ အန်နာ့ အဖေ၊ နေမကောင်းတဲ့ ညီမကိုပဲ ဂရုစိုက်နေရတဲ့ အတွက် ဂရုစိုက် မခံရတဲ့ သားကြီး၊ သူတို့ တစ်ယောက်ချင်းစီရဲ့ နေရာမှာ ငါသာဆိုရင် ဘယ်လို တုန့်ပြန်မလဲဆိုတဲ့ အတွေးကို ဝင်လာစေတယ်။

 

နောက်ဆုံး အန်နာဟာ အစ်ကိုဖြစ်သူနဲ့ တိုင်ပင်ပြီး ကျောက်ကပ် မလှူနိုင်ဘူးဆိုပြီး၊ ဆေးကုသမှုဆိုင်ရာ အခွင့်အ‌ရေးချိုးဖောက်ခံရနေရတဲ့အတွက် မိဘတွေကို တရားစွဲဆိုပါမယ်ဆိုပြီး ဆေးရုံမှတ်တမ်းတွေနဲ့ တကွ ရှေ့နေဆီ သွားပြီး အလုပ်အပ်ခဲ့တယ်။

 

ရှေ့နေဟောင်းဖြစ်တဲ့ အမေဟာ သူ့ကိုယ်ကိုသူ ရှေ့နေလုပ်ပြီး တရားနိုင်အောင် ကြိုးစားပြီး သမီးကြီးကို ကယ်ဖို့ ကြိုးစားတယ်။ အန်နာ့ဘက်က ရှေ့နေကလည်း ကလေးငယ်လေးဆီက ရိုးတွင်းချဥ်ဆီ ထုတ်တုန်းက၊ သွေးတွေ ထုတ်တုန်းက ကလေးရဲ့ သ‌ဘောကို မေးပြီး လုပ်ခဲ့တာလား။ စသဖြင့် အန်နာ့ဘက်က ကြိုးစားပြီး ရှေ့နေလိုက်ပေးတာပေါ့။

 

တစ်နေ့တခြား ပိုမို ဆိုးရွားလာတဲ့ ရောဂါသည် သမီးရဲ့ အခြေအနေကို ကြည့်ပြီး စိတ်လောလာတဲ့ အမေဖြစ်သူ တစ်ယောက်ရဲ့ သောက၊ သိပ်ချစ်ရတဲ့ အစ်မဖြစ်သူ သေမှာကို သိရက်နဲ့ သွေးအေးအေးနဲ့ မျက်နှာလွှဲနေနိုင်လောက်အောင် အန်နာရဲ့ မိဘတွေအပေါ် နာကြည်းမှု စတာတွေကို သေချာလေး ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးပါ။

 

ကိုယ်ကတော့ အန်နာဘက်ကို တစ်ချက်မှ လှည့်မကြည့်တဲ့ သူ့အမေကို နည်းနည်းလေး အမြင်ကတ်မိတာတော့ အမှန်ပဲ။

ဒီ တရားခွင်မှာ အန်နာ နိုင်သွားမလား။ သူ့အမေ နိုင်သွားပြီး သမီးကြီးရဲ့ အသက်ကို ဆွဲဆန့်နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းလေးကို ကြည့်ကြည့်ပါနော်။

 

Spoiler ပါသွားမှာ စိုးလို့ ဒီအထိပဲ တင်ပြလိုက်ပါတယ်။ ခံစားလွယ်တဲ့ သူတွေကတော့ တစ်ရှူးထုတ်လေး ဆောင်ပြီး ကြည့်ပါရန်။

 

Spoiler သတိ

 

သမီးငယ် အန်နာနဲ့ အမေဖြစ်သူတို့ တရားခွင်မှာ တွေ့ကြတာပေါ့။ အမေဖြစ်သူကလည်း အန်နာ့ကို "နင့်အကြောင်း ငါ ကောင်းကောင်း သိတယ်။ အဲ့လို ကလေးမျိုး မဟုတ်ဘူးဆိုတာ။ အကြောင်းရင်းကို ပြော" ဆိုပြီး ရအောင် မေးပေမဲ့ အန်နာကတော့ သူ ကျောက်ကပ် လှူပြီးရင် အားကစားလည်း လုပ်လို့ မရတော့ဘူး။ ကလေးလည်း မွေးနိုင်မှာ မဟုတ်တဲ့အတွက်ကြောင့် ဆိုပြီး ပြောတာပေါ့။ 

 

အစ်ကိုဖြစ်သူက အန်နာ ဘာလို့ တရားစွဲခဲ့လဲဆိုတာကို သိနေတဲ့အတွက် ထပေါက်ကွဲကုန်ရော။ အမေနဲ့ ညီမရဲ့ တရားခွင်မှာ အငြင်းပွားနေတာကို ကြည့်ပြီး အမှန်အတိုင်းပြောလိုက်ဆိုပြီး ဝင်ပြောတာပေါ့။ အန်နာကတော့ နင် ကတိပေးထားတဲ့အတိုင်း နေဆိုပြီး ပြောပေမဲ့ အကုန် ပြောချလိုက်တယ်လေ။ 

 

အကြောင်းကတော့ ရောဂါသည် အစ်မဖြစ်သူရဲ့ တောင်းဆိုချက်ကြောင့်ပဲ ဖြစ်တယ်။ သူအရမ်း နာကျင်နေပြီး ဒီတစ်ခေါက် ခွဲစိတ်မှု လုပ်လည်း အရာမထင်တာကို သိနေတော့ သူ ဒီခွဲစိတ်မှုကို မလုပ်ချင်တာကို ပြောပေမဲ့ သမီးဇောနဲ့ ဗျာများနေတဲ့ အမေက သူ့စကားကို မကြားနိုင်တဲ့အတွက်ကြောင့် ညီမဖြစ်သူကို အကူအညီတောင်းခဲ့တာ ဖြစ်တယ်။ 

 

သူ သိပ် သနားရပြီး၊ ချစ်ရတဲ့ ရောဂါသည် သမီးကြီးရဲ့ ဆန္ဒကို အဲ့ဒီ့တော့မှ သိသွားပြီး နောက်ဆုံး စိတ်လျှော့လိုက်ပြီး သမီးကြီးရဲ့ လက်ကို ရင်နာနာနဲ့ လွှတ်ပေးလိုက်ပါတယ်။ 

 

ဒီ ဇာတ်လမ်းလေးထဲက ဘာ massage ရလိုက်လဲဆိုတော့ ရောဂါသည် တစ်ယောက် ရှိနေတဲ့ အိမ် တစ်အိမ်ရဲ့ အပူသောကကို နားလည်သဘောပေါက်စေတယ်။ နောက်ပြီး ကာယကံရှင်က မခံစားနိုင်လို့ လက်လျှော့ချင်နေပေမဲ့ လူနာရှင်တွေရဲ့ လက်မလွှတ်ပေးနိုင်တဲ့ စိတ်ကြောင့် 2ဦး 2ဖက် လုံးပါးပါးရတဲ့ အဖြစ်ကိုလည်း နားလည်ခံစားစေတယ်။ 

 

ကိုယ်လည်း အမေ့ကို လက်မလျှော့ချင်ခဲ့ပေမဲ့ ရောဂါဝေဒနာကို မတရား ခံစားနေရတာကို မကြည့်ရက်လို့ လက်လျှော့ခဲ့ရတဲ့ အချိန်တွေကို ပြန်သတိရမိပြီး မျက်ရည်တွေရော၊ နှာရည်တွေပါ ထွက်စေခဲ့တဲ့ ရုပ်ရှင်ကားကောင်းလေး တစ်ကားပါလို့။ 

 

'감상문(ရီဗျူး) > 영화 리뷰, movie review' 카테고리의 다른 글

강철비 2: 정상회담 (Steel Rain 2: Summit)  (0) 2020.07.30
엑시트(exit)  (0) 2019.08.29
기생충  (0) 2019.06.16
나의 특별한 형제  (0) 2019.06.09
배심원들  (0) 2019.06.07
:
Posted by 해맑은순이