달력

5

« 2025/5 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

 အမွတ္တမဲ့မွသည္ အမွတ္တရဆီသို႔

ဒီစကားကို ၾကားလိုက္ရတဲ့အခ်ိန္မွာ ေခါင္းပဲ ၿငိမ့္မိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကိုယ္ျဖတ္သန္းလာခဲ့တဲ့ ဘဝတစ္ေလွ်ာက္ကို ျပန္ၾကည့္လိုက္ေတာ့ တိုက္ဆိုင္မႈသပ္သပ္ပါလို႔ ေျပာရေအာင္ ေသးငယ္တဲ့ ကိစၥေတြ မဟုတ္တဲ့အတြက္ေၾကာင့္ပဲ ျဖစ္တယ္။ ဘဝမွာ အေရးႀကီးဆုံးက ပညာေရး၊ အလုပ္အကိုင္(စီးပြားေရး)၊ အိမ္ေထာင္ေရးလို႔ ဆိုရင္လည္း မမွားပါဘူး။ ကိုယ္ ႏိုင္ငံျခားဘာသာ တကၠသိုလ္မွာ ကိုရီးယားေမဂ်ာ ယူျဖစ္တာက စေျပာရရင္၊ ဟိုးငယ္ငယ္ ၂တန္းေက်ာင္းသူ အ႐ြယ္ေလာက္ကေပါ့။ ကိုယ့္ထက္ ၃တန္းႀကီးတဲ့ အစ္ကို႔ အတန္း‌ေဖာ္ အစ္မေတြနဲ႔ မ်က္ႏွာခ်င္းဆိုင္ ေနၾကေတာ့ ကစားေဖာ္ ကစားဖက္ေတြေလ။ အဲ့ အစ္မက စာအရမ္းေတာ္ေတာ့ တစ္နည္းအားျဖင့္ ေျပာရရင္ ကိုယ့္ အိုင္ေဒါေပါ့။ တစ္ေန႔ သူနဲ႔ သူ႔ သူငယ္ခ်င္းေတြနဲ႔ “ငါတို႔ ႀကီးလာရင္ သံ႐ုံးမွာ အလုပ္လုပ္မွာ၊ အဲ့လို လုပ္ႏိုင္ဖို႔ဆိုရင္ စကားေျပာ ကြၽမ္းက်င္ရမယ္။ စကားေျပာ ကြၽမ္းက်င္ေအာင္ ႏိုင္ငံျခားဘာသာတကၠသိုလ္ တက္ဖို႔ လိုတယ္။” စသျဖင့္ ေျပာေနတာကို ၾကားၿပီးေတာ့ ငါလည္း ႏိုင္ငံျခားဘာသာတကၠသိုလ္ တက္ျဖစ္ရင္ ေကာင္းမွာပဲဆိုၿပီး ကေလးအေတြးနဲ႔ ေတြးခဲ့ဖူးတယ္။ ကိုယ္ ၁၀တန္းေအာင္ၿပီးေတာ့ တကၠသိုလ္ ေ႐ြးတဲ့အခါ ေဆးမွတ္ မမွီတာေတာ့ သိေနတယ္။ ဒုတိယ ဦးစားေပးအေနနဲ႔ ဘာေလွ်ာက္မလဲဆိုၿပီး ဂိုက္စာအုပ္ကို ၾကည့္လိုက္ေတာ့ ႏိုင္ငံျခားဘာသာစကားေတြ တန္းစီေနတာကို ေတြ႕ရေတာ့ ဘယ္ရမလဲ ဂိုက္စာအုပ္ထဲကအတိုင္း ကူးေရးၿပီး တင္လိုက္တယ္။ ျပန္က်လာေတာ့ ဂ်ာမန္ဘာသာစကားေမဂ်ာနဲ႔ က်လာတယ္။ စာတိုက္က အေၾကာင္းၾကားစာက တစ္ပတ္ေလာက္ ေနာက္က်မွ ေရာက္လာေတာ့ ေက်ာင္းအပ္တာလည္း ေနာက္က်၊ အတန္းတက္တာလည္း ေနာက္က်ကုန္ေရာ။ အဲ့ေတာ့ ေအ၊ ဘီ၊ စီ၊ ဒီကို ဂ်ာမန္လို အသံထြက္ တစ္မ်ိဳးႀကီး သင္ရေတာ့ စိမ္းေနတယ္။ က်န္တဲ့ ေက်ာင္းသူ၊ ေက်ာင္းသားေတြကေတာ့ တစ္ပတ္ေလာက္ သင္ထားေတာ့ ရင္းႏွီးၿပီးေနေပမဲ့ ကိုယ္ကေတာ့ အစဆိုေတာ့ မလိုက္ႏိုင္ဘူး။ အတန္းဝင္တဲ့ ဆရာမက ကိုယ့္နာမည္ေခၚၿပီး ထဆိုလည္း ဆိုေရာ စိတ္ထဲက ေတာ္ေတာ္ တင္းသြားတယ္။ အခုမွ အတန္းစတက္တဲ့ ေက်ာင္းသားကို ခ်က္ခ်င္းႀကီး ထဆိုခိုင္းေတာ့။ အဲ့ဒီ့ အတန္းခ်ိန္လည္း ၿပီးေရာ ေက်ာင္းသားေရးရာဌာနကို သြားၿပီး ေမဂ်ာ ေျပာင္းခ်င္လို႔ဆိုၿပီး ေျပာလိုက္တယ္။ ကိုယ့္အမွတ္ကို ၾကည့္ၿပီးေတာ့ ကိုရီးယား ေမဂ်ာကို ေျပာင္းလို႔ ရတယ္ဆိုေတာ့ ေပ်ာ္သြားတာေပါ့။ ခ်က္ခ်င္း ေျပာင္းမယ္ဆိုၿပီး ေနာက္အတန္းခ်ိန္မတိုင္ခ်င္ အထုပ္ေတြ သယ္ၿပီး ကိုရီးယားေမဂ်ာ ပထမႏွစ္ အတန္းထဲ သြားခဲ့တာေပါ့။ ဒီလိုနဲ႔ ကိုယ္နဲ႔ ကိုရီးယားနဲ႔ ကံစပ္သြားတာေပါ့။ မေတာ္တဆ ၾကားခဲ့တဲ့ စကားတစ္ခြန္းေၾကာင့္ ဆႏၵ တစ္ခု ျဖစ္ေပၚခဲ့ၿပီး တကယ္တမ္း ႀကီးလာေတာ့ အဲ့ဒီ ဆႏၵဟာ အေကာင္အထည္ ေပၚလာတယ္။ ဒါဟာ တိုက္ဆိုင္မႈ သပ္သပ္လို႔ ေျပာရေအာင္ ေသးငယ္တဲ့ တိုက္ဆိုင္မႈ မဟုတ္ဘူးလို႔ ထင္တာပဲ။ ဆိုလိုခ်င္တာ ေလာကႀကီးမွာ ေတြ႕ေန၊ ႀကဳံေန၊ ၾကားေနရတဲ့ ကိစၥေတြ၊ လူေတြနဲ႔ ခင္မင္ရင္းႏွီးမႈေတြဟာ ဘယ္ဟာမွ အက်ိဳးမရွိတဲ့ ေတြ႕ဆုံ၊ တိုက္ဆိုင္မႈေတြ မဟုတ္ဘဲ တစ္ခ်ိန္ခ်ိန္မွာ အေၾကာင္းရွိလို႔သာ ေတြ႕ၾက၊ ႀကဳံၾကရတာပါ။ အေၾကာင္းရွိမွ အက်ိဳးျဖစ္တယ္ ဆိုတဲ့ စကားဟာ အလဟသ စကားမဟုတ္ပါဘူး။ 


 အမှတ်တမဲ့မှသည် အမှတ်တရဆီသို့ 

           ဒီစကားကို ကြားလိုက်ရတဲ့အချိန်မှာ ခေါင်းပဲ ငြိမ့်မိတယ်။ ဘာြဖစ်လို့လဲဆိုတော့ ကိုယ်ဖြတ်သန်းလာခဲ့တဲ့ ဘဝတစ်လျှောက်ကို ပြန်ကြည့်လိုက်တော့ တိုက်ဆိုင်မှုသပ်သပ်ပါလို့ ပြောရအောင် သေးငယ်တဲ့ ကိစ္စတွေ မဟုတ်တဲ့အတွက်ကြောင့်ပဲ ဖြစ်တယ်။ ဘဝမှာ အရေးကြီးဆုံးက ပညာရေး၊ အလုပ်အကိုင်(စီးပွားရေး)၊ အိမ်ထောင်ရေးလို့ ဆိုရင်လည်း မမှားပါဘူး။ ကိုယ် နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ ကိုရီးယားမေဂျာ ယူဖြစ်တာက စပြောရရင်၊ ဟိုးငယ်ငယ် ၂တန်းကျောင်းသူ အရွယ်လောက်ကပေါ့။ ကိုယ့်ထက် ၃တန်းကြီးတဲ့ အစ်ကို့ အတန်း‌ဖော် အစ်မတွေနဲ့ မျက်နှာချင်းဆိုင် နေကြတော့ ကစားဖော် ကစားဖက်တွေလေ။ အဲ့ အစ်မက စာအရမ်းတော်တော့ တစ်နည်းအားဖြင့် ပြောရရင် ကိုယ့် အိုင်ဒေါပေါ့။ တစ်နေ့ သူနဲ့ သူ့ သူငယ်ချင်းတွေနဲ့ “ငါတို့ ကြီးလာရင် သံရုံးမှာ အလုပ်လုပ်မှာ၊ အဲ့လို လုပ်နိုင်ဖို့ဆိုရင် စကားပြော ကျွမ်းကျင်ရမယ်။ စကားပြော ကျွမ်းကျင်အောင် နိုင်ငံခြားဘာသာတက္ကသိုလ် တက်ဖို့ လိုတယ်။” စသဖြင့် ပြောနေတာကို ကြားပြီးတော့ ငါလည်း နိုင်ငံခြားဘာသာတက္ကသိုလ် တက်ဖြစ်ရင် ကောင်းမှာပဲဆိုပြီး ကလေးအတွေးနဲ့ တွေးခဲ့ဖူးတယ်။ ကိုယ် ၁၀တန်းအောင်ပြီးတော့ တက္ကသိုလ် ရွေးတဲ့အခါ ဆေးမှတ် မမှီတာတော့ သိနေတယ်။ ဒုတိယ ဦးစားပေးအနေနဲ့ ဘာလျှောက်မလဲဆိုပြီး ဂိုက်စာအုပ်ကို ကြည့်လိုက်တော့ နိုင်ငံခြားဘာသာစကားတွေ တန်းစီနေတာကို တွေ့ရတော့ ဘယ်ရမလဲ ဂိုက်စာအုပ်ထဲကအတိုင်း ကူးရေးပြီး တင်လိုက်တယ်။ ပြန်ကျလာတော့ ဂျာမန်ဘာသာစကားမေဂျာနဲ့ ကျလာတယ်။ စာတိုက်က အကြောင်းကြားစာက တစ်ပတ်လောက် နောက်ကျမှ ရောက်လာတော့ ကျောင်းအပ်တာလည်း နောက်ကျ၊ အတန်းတက်တာလည်း နောက်ကျကုန်ရော။ အဲ့တော့ အေ၊ ဘီ၊ စီ၊ ဒီကို ဂျာမန်လို အသံထွက် တစ်မျိုးကြီး သင်ရတော့ စိမ်းနေတယ်။ ကျန်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေကတော့ တစ်ပတ်လောက် သင်ထားတော့ ရင်းနှီးပြီးနေပေမဲ့ ကိုယ်ကတော့ အစဆိုတော့ မလိုက်နိုင်ဘူး။ အတန်းဝင်တဲ့ ဆရာမက ကိုယ့်နာမည်ခေါ်ပြီး ထဆိုလည်း ဆိုရော စိတ်ထဲက တော်တော် တင်းသွားတယ်။ အခုမှ အတန်းစတက်တဲ့ ကျောင်းသားကို ချက်ချင်းကြီး ထဆိုခိုင်းတော့။ အဲ့ဒီ့ အတန်းချိန်လည်း ပြီးရော ကျောင်းသားရေးရာဌာနကို သွားပြီး မေဂျာ ပြောင်းချင်လို့ဆိုပြီး ပြောလိုက်တယ်။ ကိုယ့်အမှတ်ကို ကြည့်ပြီးတော့ ကိုရီးယား မေဂျာကို ပြောင်းလို့ ရတယ်ဆိုတော့ ပျော်သွားတာပေါ့။ ချက်ချင်း ပြောင်းမယ်ဆိုပြီး နောက်အတန်းချိန်မတိုင်ချင် အထုပ်တွေ သယ်ပြီး ကိုရီးယားမေဂျာ ပထမနှစ် အတန်းထဲ သွားခဲ့တာပေါ့။ ဒီလိုနဲ့ ကိုယ်နဲ့ ကိုရီးယားနဲ့ ကံစပ်သွားတာပေါ့။ မတော်တဆ ကြားခဲ့တဲ့ စကားတစ်ခွန်းကြောင့် ဆန္ဒ တစ်ခု ဖြစ်ပေါ်ခဲ့ပြီး တကယ်တမ်း ကြီးလာတော့ အဲ့ဒီ ဆန္ဒဟာ အကောင်အထည် ပေါ်လာတယ်။ ဒါဟာ တိုက်ဆိုင်မှု သပ်သပ်လို့ ပြောရအောင် သေးငယ်တဲ့ တိုက်ဆိုင်မှု မဟုတ်ဘူးလို့ ထင်တာပဲ။ ဆိုလိုချင်တာ လောကကြီးမှာ တွေ့နေ၊ ကြုံနေ၊ ကြားနေရတဲ့ ကိစ္စတွေ၊ လူတွေနဲ့ ခင်မင်ရင်းနှီးမှုတွေဟာ ဘယ်ဟာမှ အကျိုးမရှိတဲ့ တွေ့ဆုံ၊ တိုက်ဆိုင်မှုတွေ မဟုတ်ဘဲ တစ်ချိန်ချိန်မှာ အကြောင်းရှိလို့သာ တွေ့ကြ၊ ကြုံကြရတာပါ။ အကြောင်းရှိမှ အကျိုးဖြစ်တယ် ဆိုတဲ့ စကားဟာ အလဟသ စကားမဟုတ်ပါဘူး။


mm.aaa.kr


:
Posted by 해맑은순이