달력

7

« 2025/7 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31

'matcher'에 해당되는 글 1

  1. 2018.12.22 give and take, taker, matcher, giver
2018. 12. 22. 01:00

give and take, taker, matcher, giver 번역 글 2018. 12. 22. 01:00


ေလာကၾကီးရဲ႕ သဘာဝ အေပး၊ အယူေတြ လုပ္ၾကရပါတယ္။ အဂၤလိပ္လိုေတာ့ give and take ေပါ့ေနာ္။ ဘယ္အတိုင္းအတာအထိ ေပးၿပီး ဘယ္အတုိင္းအတာအထိ ယူလဲ ဆိုတဲ့အေပၚမွာ မူတည္ၿပီး လူ ၃မ်ိဳး ခြဲျခားလို႕ ရပါတယ္။

  • ပထမ လူမ်ိဳးကေတာ့ အယူပဲ ရိွတဲ့ အယူသမား taker ၊

  • ေနာက္ လူ တစ္မ်ိဳးကေတာ့ ေပးသေလာက္ ျပန္ယူတတ္တဲ့ အေပးအယူသမား matcher ၊

  • ေနာက္ဆံုး တစ္မ်ိဳးကေတာ့ ကိုယ့္အတြက္ အက်ိဳးအျမတ္ကိုပဲ ဦးစားေပးတတ္တဲ့ထဲမွာ မပါဘဲ ရက္ရက္ေရာေရာ ေပးတတ္တဲ့ အေပးသမား giver၊ သို႕ေသာ္ မမွန္တဲ့သူဆိုရင္ တစ္ခါအျပင္ ထပ္ မကူညီတတ္တဲ့ ျပတ္သားေသာ သူလို႕ ဆိုရပါတယ္။

  • Giver ရဲ႕ အခြဲ ဟိုဂူဆိုတာ ရိွပါေသးတယ္။ ကိုရီးယားမွာ ဘယ္ေလာက္ ခံရ ခံရ အမွတ္မရိွတဲ့ သူကိို ဟိုဂူဆိုၿပီး ေခၚၾကပါတယ္။ ဥပမာ သတ္မွတ္ တန္ဖိုးထက္ ပိုေပးၿပီး ပစၥည္း ဝယ္မိတဲ့အခါ၊ ရည္းစားထားလည္း ကိုယ့္ကပဲ ေပးရတဲ့အခါ၊ အဲလို လူမ်ိဳးကို ဟိုဂူ၊ တစ္နည္းအားျဖင့္ ATM ဆိုၿပီး ေခၚၾကပါတယ္။ ခံဖက္ကခ်ည္းပဲ၊ ဘယ္ေလာက္ ခံရခံရ အမွတ္မရိွ ထပ္ကူညီၿပီး ထပ္ခံရတဲ့ သူမ်ိဳးကို ဆိုလိုပါတယ္။ အဲဒီအတြက္ လူေတြက ေျပာၾကတယ္။ ဟိုဂူလိုမ်ိဳး ေနလို႕ မျဖစ္ဘူး။ ကိုယ့္ ရပိုင္ခြင့္၊ အက်ိဳးအျမတ္ကို ယူတတ္ရမယ္ဆိုၿပီး ေျပာၾကတယ္။

ေအာက္ပါ ရွင္းလင္းခ်က္ေတြကို မဖတ္ခင္မွာ သင့္ကိိုယ့္ကိုယ္ သင္ စမ္းစစ္ၾကည့္ပါ။

သင္ဟာ taker လား၊ matcherလား၊ giverလား၊ ဟိုဂူလား။

……………………………………………………

     အယူသမား taker ၊ အေပးအယူသမား matcher ၊ အေပးသမား giver(ဟိုဂူူ) ဒီ လူ အမ်ိဳးအစား ၃မ်ိဳးထဲမွာ ေအာင္ျမင္မႈ ေလွကားရဲ႕ ထိပ္ဆံုးမွာ ေရရွည္ ရပ္တည္ေနနိုိင္တာ ဘယ္လူ အမ်ိဳးအစားလဲဆိုတာကို စစ္တမ္းေကာက္ၾကည့္ခဲ့ပါတယ္။

    ေအာင္ျမင္မႈ ေလွကားရဲ႕ ဟိုး ေအာက္ဆံုးမွာ ေနရာယူေနတာကေတာ့ ဟိုဂူပဲ ျဖစ္ပါတယ္။ သူမ်ားကိုပဲ ကူညီရာကေန ကုိယ့္ အက်ိဳးစီးပြားကို မငဲ့ကြက္တဲ့ လူအပဲ ျဖစ္ပါတယ္။ ဟိုဂူကေတာ့ taker နဲ႕ယွဥ္ရင္ ပ်မ္းမွ် ဝင္ေငြ ၁၄ရာခိုင္းႏႈန္းေလာက္ နည္းၿပီး၊ အလိမ္ခံရနိုင္ေခ်က ၂ဆ မ်ားၿပီး၊ တကယ္ မိမိ ကိုယ္ပိုင္ အရည္အခ်င္းထက္ ၂၂ရာခိုင္ႏႈန္းေလာက္ေတာင္ ေလွ်ာ့တြက္ခံရပါတယ္။ အဲ့ဒီအတြက္ ကိုယ္ေတြဟာ ဟိုဂူလိုမ်ိဳး ေနေနလို႕ေတာ့ မျဖစ္ပါ။

     ဒါဆို ေအာင္ျမင္မႈ ေလွကားရဲ႕ ထိိပ္ဆံုး ေနရာမွာ အမ်ားဆံုး ရပ္တည္ေနနိုင္တာ ဘယ္လို လူအမ်ိဳးအစားလဲ။ မိမိ အက်ိဳးစီးပြားပဲ ၾကည့္တတ္တဲ့ အယူသမား taker ျဖစ္မလား။

အေျဖကေတာ့ ဟိုဂူပဲ ျဖစ္ပါတယ္။

    ဒါဆို ေလွကားရဲ႕ ေအာက္ဆံုးမွာ ရိွတဲ့ ဟိုဂူနဲ႕ ထိပ္ဆံုးမွာ ရိွတဲ့ ဟိုဂူ ဘာကြာလဲ ခြဲျခားနိုင္ဖို႕အတြက္ ေလွကား ထိပ္ဆံုးမွာ ရိွတဲ့ ဟိုဂူကို giverလို ေခၚရမယ္။ ကြာဟခ်က္ကေတာ့ ဟိုဂူကေတာ့ မိမိ အက်ိဳး ယုတ္လည္း ကူညီျမဲ ကူညီတတ္သူ၊ ခံရပါ မ်ားလည္း အမွတ္မရိွတဲ့ သူမ်ိဳးဆိုရင္ giver ကေတာ့ အဲဒီလို မဟုတ္ပါဘူး။ giver ကေတာ့ မိမိ ကူညီနိုင္တဲ့ အတိုင္းအတာအထိ ကူညီၿပီး ခံရလည္း တစ္ခါပဲ ခံတတ္တဲ့ သူမ်ိဳး၊ ထပ္တလဲလဲ အလိမ္မခံတတ္တဲ့ သူမ်ိဳးကို ေခၚပါတယ္။

giverလို လူမ်ိဳးဟာ အေျခအေနနဲ႕ အခ်ိန္အခါေပၚ မူတည္ၿပီးေတာ့ ေျပာင္းလဲဆက္ဆံတတ္ၾကပါတယ္။ မိမိရဲ႕ ခ်စ္သူခင္သူေတြနဲ႕ဆိုရင္ေတာ့ giverလိုမ်ိဳး၊ အထူးသျဖင့္ မိသားစု၊ သူငယ္ခ်င္း အရင္းေခါက္ေခါက္ေတြ၊ သမီးရည္းစား အေပၚကိုေတာ့ giverလို ဆက္ဆံတတ္ၾကပါတယ္။

တစ္ခုခုကို ညွိႏႈိုင္းတဲ့အခါမွာေတာ့ taker လိုမ်ိဳး၊ လက္ေအာက္ ငယ္သားကို အၾကံဥာဏ္ ေပးတဲ့အခါမွာေတာ့ giverလိုမ်ိဳး၊ မိမိ တတ္ကြ်မ္းတဲ့ အတတ္ပညာကို လုပ္ေဖာ္ကိုင္ဖက္ အခ်င္းခ်င္း ေဆြးေႏြးေျပာဆိုတဲ့ အခါမွာေတာ့ matcherလိုမ်ိဳးပဲ ျဖစ္ပါတယ္။

    ေနာက္ဆုံး ကြာဟခ်က္ တစ္ခုကေတာ့ Taker လို တစ္ကိုယ္ေကာင္းသမားအေပၚကိုပါ ေကာင္းနိုင္လား မေကာင္းနိုင္လားပဲ ျဖစ္ပါတယ္။ Giver ဟာ တစ္ကိုယ္ေကာင္းဆန္တဲ့ သူမ်ိဳး အေပၚမွာ အခ်ိန္ကို မသံုးပါဘူး။ မိမိ အက်ိဳးစီးပြားပဲ ၾကည့္တတ္တဲ့သူမ်ိဳး အေပၚကို တစ္ၾကိမ္ေတာ့ မသိလို႕ ခံရရင္ ခံရမယ္ ၂ၾကိမ္ေတာ့ မခံတတ္ၾကပါဘူး။ ဟိုဂူကေတာ့ အကန္႕အသတ္မရိွ လူတိုင္းအေပၚကို ကူညီတယ္။ ေပါင္းသင္းဆက္ဆံၾကပါတယ္။ ေနာက္ၿပီး Giver ဟာ မိမိအေပၚကို နစ္နာေအာင္ လုပ္သူကို ဒီအတိုင္းမထားတတ္ပဲ တံု႕ျပန္တတ္ၾကပါတယ္။

အက်ိဳးရိွတဲ့ အလုပ္ပဲ လုပ္နိုင္ဖို႕ ဆိုရင္ေတာ့ ဟိုဂူလို မေနဘဲ Giver လို ေနထိုင္ က်င့္သံုးရပါမယ္။

 

ေအာင္ျမင္မႈ ေလွကားရဲ႕ အျမင့္ဆံုးမွာ ရပ္နိုင္တဲ့ သူေတြထဲမွာ ဘာျဖစ္လို႕ giver က takerထက္ မ်ားရတာလဲ။

အဲဒီ အေၾကာင္းအရင္းကေတာ့

၁။ အသိမိတ္ေဆြ မ်ားျခင္း မမ်ားျခင္းနဲ႕ ခင္မင္မႈအတိုင္းအတာရဲ႕ အတိမ္အနက္ေပၚ မူတည္ပါတယ္။

    စီးပြားေရး ေလာကမွာေတာ့ အသိမိတ္ေဆြ ေပါမ်ားျခင္းဟာ အလြန္အင္မတန္မွ အေရးၾကီးလွပါတယ္။ ထို႕အတြက္ taker လို လူမ်ိဳးေတြဟာ မ်က္ႏွာဖံုးစြပ္ၿပီး လူေတြကို ဆက္ဆံတတ္ပါတယ္။ သူငယ္ခ်င္းေပါင္းေပါင္းတတ္ၾကတယ္။ အထူးသျဖင့္ taker ေတြဟာဆို အထက္လူၾကီးေရွ႕ဆို giverလို ဟန္ေဆာင္၊ ေျမွာက္ပင့္ေျပာဆိုတတ္ၾကၿပီး၊ လက္ေအာက္ငယ္သားေတြအေပၚမွာေတာ့ taker ရဲ႕ မူရင္း ဘီလူးေခါင္းေဆာင္းဟာ ဗူးေပၚသလို ေပၚလာတတ္ပါတယ္။ မ်က္ႏွာဖံုးဆိုတာ ကြ်တ္ခ်ိန္တန္ ကြ်တ္သြားတတ္ၿပီး မိမိအက်ိဳးပဲ လုပ္တဲ့အတြက္ အခ်ိန္ၾကာလာတာနဲ႕အမွ် မ်က္နွာဖံုးအမွန္ေပၚလာတတ္ၾကပါတယ္။ တစ္ကိုယ္ေကာင္းဆန္တဲ့ taker အေၾကာင္း သိသြားတဲ့ သူေတြက်ေတာ့ တေျဖးေျဖး ေရွာင္သြားတတ္ၾကပါတယ္။ အဲဒီအတြက္ ေရရွည္မွာ takerလို လူမ်ိဳးေတြဟာ အသိမိတ္ေဆြကို ေရရွည္ ထိမ္းမထားနိုင္တဲ့ ျပသနာနဲ႕ ၾကံဳရပါတယ္။

     တစ္ဖက္မွာ giver ရဲ႕ ေအာင္ျမင္မႈကိုက်ေတာ့ လူေတြက လိႈက္လိႈက္လွဲလွဲ ၾကိဳဆိုေပးၾကတယ္။ ေပးကမ္းျခင္း၊ သူတစ္ပါးကို ကူညီျခင္းဟာ ေရတိုမွာေတာ့ မိမိအက်ိဳးအျမတ္ နည္းသြားနိုင္ေပမဲ့ ေရရွည္မွာေတာ့ အက်ိဳးရိွလာနုိင္ပါတယ္။ giver ရဲ႕ အကူအညီကို ရယူဖူးသူေတြဟာ ခ်က္ခ်င္းၾကီးေတာ့ ေက်းဇူးမတံု႕ျပန္နိုင္ေသးေပမဲ့ တစ္ေန႕ေန႕ တစ္ခ်ိန္ခ်ိန္မွာေတာ့ တံု႕ျပန္လာတတ္ၾကပါတယ္။ giver ရဲ႕ နည္းလမ္းကေတာ့့ အသိမိတ္ေဆြ မ်ားမ်ားနဲ႕ ဆက္ဆံေရးကို ေရရွည္ ထိန္းထားနိုင္ျခင္းဆိိုတဲ့ အခ်က္ပဲ ျဖစ္ပါတယ္။ ေနာက္ၿပီး တကယ္တမ္း အကူအညီ ရယူဖူးသူေတြဟာ အရမ္းရင္းႏွီးတဲ့ သူေတြထက္စာရင္ သိပ္ မရင္းႏွီးတဲ့ သူေတြဆီက အကူအညီ ရၾကတာ မ်ားတယ္ဆိုတဲ့ စစ္တမ္း ရလဒ္လည္း ထြက္လာပါတယ္။ ထို မရင္းႏွီးပါဘဲနဲ႕ အကူအညီေပးတတ္သူေတြကေတာ့ giver လို လူမ်ိဳးမ်ားပဲ ျဖစ္ပါတယ္။ 

      ေနာက္တစ္ခု Matcher လို လူမ်ိဳးေတြရဲ႕ အားနည္းခ်က္လို႕ ေျပာရမလား၊ အဲဒါကေတာ့ ၂ခ်က္ ရိွပါတယ္။

အေပးအယူသမား ျဖစ္တဲ့အတြက္ သူ႕ဆီက အကူအညီ ရယူသူေတြဟာ ေက်းဇူးေတာ့ တင္ပါလ်က္ အေပးအယူသေဘာလိုမ်ိဳး ခံစားသြားတတ္ၾကပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ အသိမိတ္ေတြ ကြန္ျမဴနတီ က်ဥ္းေျမာင္းပါတယ္။ အေၾကာင္းကေတာ့ ရသေလာက္ပဲ ျပန္ေပးတတ္တဲ့အတြက္ပဲ ျဖစ္ပါတယ္။ ကိုယ္နဲ႕ အဆက္အစပ္ မရိွသူနဲ႕ အေပးအယူ မလုပ္တာမ်ိဳး၊ အက်ိဳး အျမတ္မရိွနိုင္ရင္ မကူညီတာမ်ိဳးေတြ ရိွတဲ့အတြက္ပဲ ျဖစ္ပါတယ္။ Giver က်ေတာ့ သူမ်ားဆီက ဘာအက်ိဳးမွ မေမွ်ာ္လင့္ပဲ ျဖဴျဖဴစင္စင္ ကူညီေပးတဲ့အတြက္ စိတ္ရင္းေစတနာကို အသိအမွတ္ျပဳခံရပါတယ္။ အဲဒီ အသိအမွတ္ျပဳျခင္းနဲ႕ ေက်းဇူးတင္မႈဟာ အလြယ္တကူ ေမ့ေပ်ာက္တာမ်ိဳး မရိွတဲ့အတြက္ပဲ ျဖစ္ပါတယ္။

 

၂။ Giverလို လူမ်ိဳးေတြ ေအာင္ျမင္ရတဲ့ နံပါတ္ ၂ အေၾကာင္းအရင္းကေတာ့ လူတစ္ေယာက္ ကိစၥ တစ္ခုရဲ႕ ျဖစ္နိုင္ေခ် ၊ အလားအလာကို ယုံၾကည္ေပးျခင္းပဲ ျဖစ္ပါတယ္။ ဒီမွာ ယိုဟန္ ဗိုးဖ္ဂန္းက ဒီလိုမ်ိဳး ေျပာခဲ့ပါတယ္။ လူတစ္ေယာက္ရဲ႕ လက္ရိွ အေနအထားကိုပဲ ၾကည့္ၿပီး အဲဒီအတိုင္း ယူဆလိုက္ျခင္းဟာ အဲဒီလူကို ဖ်က္ဆီးတာနဲ႕ တူတူပဲ။ အဲဒီလူရဲ႕ အနာဂတ္အလားအလာဟာ စတင္အေကာင္အထည္ ေပၚစျပဳလာၿပီလို႕ ယံုၾကည္ေပးၿပီး ဆက္ဆံေပးရင္ ေနာင္တစ္ခ်ိန္မွာ တကယ္ပဲ အဲဒီအတုိင္း ျဖစ္လာတယ္။ အခု မိမိနဲ႕ အဆက္အဆံ ရိွတဲ့သူေတြဟာ ေနာင္တစ္ခ်ိန္မွာ ေအာင္ျမင္တဲ့သူေတြျဖစ္လာမယ္လို႕ စဥ္းစားလိုက္ရင္ သင္ဟာ Giver လို ျပဳမူမလား၊ taker လို ျပဳမူမလား။ မိမိတို႕ အေရွ႕မွာ ရိွေနတဲ့ သူဟာ လိုအပ္ခ်က္ေတြ အမ်ားၾကီး ရိွေနမယ္။ စိတ္ပ်က္စရာ ေကာင္းေနတယ္ ဆိုေပမဲ့ ဒါဟာ သူရဲ႕ ယခု အေျခအေန ျဖစ္ပါတယ္။ သူဟာ ေနာင္တစ္ခ်ိန္မွာ ယခုထက္ ပိုေအာင္ျမင္နိုင္တယ္ဆိုတဲ့ အလားအလာကို ယံုၾကည္ေပးၿပီး ဆက္ဆံမယ္ဆိုရင္ သူနဲ႕ ကိုယ္ရဲ႕ ဆက္ဆံေရးဟာ ခိုင္ျမဲသထက္ခုိင္ျမဲမွာ ျဖစ္ပါတယ္။

 

၃။ Giverလို လူမ်ိဳးေတြ ေအာင္ျမင္ရတဲ့ အေၾကာင္းအရင္း နံပါတ္ ၃ကေတာ့ SNS ပဲ ျဖစ္ပါတယ္။ ဟိုးအရင္တုန္းကေတာ့ taker ဟာ ဘယ္လိုပဲ ကိုယ့္အက်ိဳးအျမတ္ပဲ ၾကည့္တဲ့ လုပ္ရပ္မ်ိဳး လုပ္လုပ္ ဘယ္သူမွ  မသိနိုင္ခဲ့ပါ။ ယေန႕ေခတ္မွာ ေဖ့စ္ဘုတ္၊ တြတ္တာ၊ ယူက်ဳတို႕ကေန တစ္ဆင့္ လူေတြရဲ႕ အက်င့္စရိုက္ အေကာင္းအဆိုးကို ေလ့လာ သံုးသပ္နိုင္လာတယ္။


ဒါဆို taker လို လူမ်ိဳးဆိုတာကို ဘယ္လို ခြဲျခားသိနိုင္မလဲ။

     ပညာရွင္ေတြကေတာ့ ေဖ့စ္ဘုတ္ရဲ႕ TIME LINE ကိုပဲ ၾကည့္ရင္ေတာင္ ခြဲျခားနိုင္တယ္လို႕ ဆိုပါတယ္။

Taker ေတြဟာ ငါ၊ ငါရဲ႕၊ ငါ့ဟာ ဆိုတဲ့ အသံုးအႏႈန္းမ်ား သံုးၾကပါတယ္။ တစ္ကိုယ္ေကာင္းသမား၊ မိမိကိုယ္ကို လိုတာထက္ ပိုၿပီး ယုံၾကည္ခ်က္ ရိွေနျခင္း၊ Taker ရဲ႕ ေပ့ေတြမွာဆိုရင္ မရိွတာကို အရိွလုပ္တာမ်ိဳး၊ အမ်ားရဲ႕ ဂရုစိုက္မႈကို လိုခ်င္တတ္ၾကတယ္။ သူငယ္ခ်င္းေတြနဲ႕ အတူရိုက္ထားတဲ့ ပံုေတြဆိုလည္း မိမိက အထင္ရွားဆံုး ျဖစ္ေနတဲ့ ပံုမ်ိဳးကို ေရြးတင္တတ္တဲ့ လူမ်ိဳးေတြဟာ Taker စစ္စစ္ေတြ ျဖစ္ပါတယ္။

 


ကဲ ရွင္းလင္းခ်က္ေတြကို ဖတ္ၿပီးၿပီဆိုေတာ့

သင္ဟာ taker လား၊ matcherလား၊ giverလား၊ ဟိုဂူလား။




Unicode


    လောကကြီးရဲ့ သဘာဝ အပေး၊ အယူတွေ လုပ်ကြရပါတယ်။ အင်္ဂလိပ်လိုတော့ give and take ပေါ့နော်။ ဘယ်အတိုင်းအတာအထိ ပေးပြီး ဘယ်အတိုင်းအတာအထိ ယူလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီး လူ ၃မျိုး ခွဲခြားလို့ ရပါတယ်။ 

  • ပထမ လူမျိုးကတော့ အယူပဲ ရှိတဲ့ အယူသမား taker ၊

  • နောက် လူ တစ်မျိုးကတော့ ပေးသလောက် ပြန်ယူတတ်တဲ့ အပေးအယူသမား matcher ၊

  • နောက်ဆုံး တစ်မျိုးကတော့ ကိုယ့်အတွက် အကျိုးအမြတ်ကိုပဲ ဦးစားပေးတတ်တဲ့ထဲမှာ မပါဘဲ ရက်ရက်ရောရော ပေးတတ်တဲ့ အပေးသမား giver၊ သို့သော် မမှန်တဲ့သူဆိုရင် တစ်ခါအပြင် ထပ် မကူညီတတ်တဲ့ ပြတ်သားသော သူလို့ ဆိုရပါတယ်။ 

  • Giver ရဲ့ အခွဲ ဟိုဂူဆိုတာ ရှိပါသေးတယ်။ ကိုရီးယားမှာ ဘယ်လောက် ခံရ ခံရ အမှတ်မရှိတဲ့ သူကို ဟိုဂူဆိုပြီး ခေါ်ကြပါတယ်။ ဥပမာ သတ်မှတ် တန်ဖိုးထက် ပိုပေးပြီး ပစ္စည်း ဝယ်မိတဲ့အခါ၊ ရည်းစားထားလည်း ကိုယ့်ကပဲ ပေးရတဲ့အခါ၊ အဲလို လူမျိုးကို ဟိုဂူ၊ တစ်နည်းအားဖြင့် ATM ဆိုပြီး ခေါ်ကြပါတယ်။ ခံဖက်ကချည်းပဲ၊ ဘယ်လောက် ခံရခံရ အမှတ်မရှိ ထပ်ကူညီပြီး ထပ်ခံရတဲ့ သူမျိုးကို ဆိုလိုပါတယ်။ အဲဒီအတွက် လူတွေက ပြောကြတယ်။ ဟိုဂူလိုမျိုး နေလို့ မဖြစ်ဘူး။ ကိုယ့် ရပိုင်ခွင့်၊ အကျိုးအမြတ်ကို ယူတတ်ရမယ်ဆိုပြီး ပြောကြတယ်။


   အကျိုးရှိတဲ့ အလုပ်ပဲ လုပ်နိုင်ဖို့ ဆိုရင်တော့ ဟိုဂူလို မနေဘဲ Giver လို နေထိုင် ကျင့်သုံးရပါမယ်။  အောက်ပါ ရှင်းလင်းချက်တွေကို မဖတ်ခင်မှာ သင့်ကိုယ့်ကိုယ် သင် စမ်းစစ်ကြည့်ပါ။

သင်ဟာ taker လား၊ matcherလား၊ giverလား၊ ဟိုဂူလား။ 

……………………………………………………

    အယူသမား taker ၊ အပေးအယူသမား matcher ၊ အပေးသမား giver(ဟိုဂူူ) ဒီ လူ အမျိုးအစား ၃မျိုးထဲမှာ အောင်မြင်မှု လှေကားရဲ့ ထိပ်ဆုံးမှာ ရေရှည် ရပ်တည်နေနိုင်တာ ဘယ်လူ အမျိုးအစားလဲဆိုတာကို စစ်တမ်းကောက်ကြည့်ခဲ့ပါတယ်။ 

   အောင်မြင်မှု လှေကားရဲ့ ဟိုး အောက်ဆုံးမှာ နေရာယူနေတာကတော့ ဟိုဂူပဲ ဖြစ်ပါတယ်။ သူများကိုပဲ ကူညီရာကနေ ကိုယ့် အကျိုးစီးပွားကို မငဲ့ကွက်တဲ့ လူအပဲ ဖြစ်ပါတယ်။ ဟိုဂူကတော့ taker နဲ့ယှဉ်ရင် ပျမ်းမျှ ဝင်ငွေ ၁၄ရာခိုင်းနှုန်းလောက် နည်းပြီး၊ အလိမ်ခံရနိုင်ချေက ၂ဆ များပြီး၊ တကယ် မိမိ ကိုယ်ပိုင် အရည်အချင်းထက် ၂၂ရာခိုင်နှုန်းလောက်တောင် လျှော့တွက်ခံရပါတယ်။ အဲ့ဒီအတွက် ကိုယ်တွေဟာ ဟိုဂူလိုမျိုး နေနေလို့တော့ မဖြစ်ပါ။

     ဒါဆို အောင်မြင်မှု လှေကားရဲ့ ထိပ်ဆုံး နေရာမှာ အများဆုံး ရပ်တည်နေနိုင်တာ ဘယ်လို လူအမျိုးအစားလဲ။ မိမိ အကျိုးစီးပွားပဲ ကြည့်တတ်တဲ့ အယူသမား taker ဖြစ်မလား။ 

အဖြေကတော့ ဟိုဂူပဲ ဖြစ်ပါတယ်။

   ဒါဆို လှေကားရဲ့ အောက်ဆုံးမှာ ရှိတဲ့ ဟိုဂူနဲ့ ထိပ်ဆုံးမှာ ရှိတဲ့ ဟိုဂူ ဘာကွာလဲ ခွဲခြားနိုင်ဖို့အတွက် လှေကား ထိပ်ဆုံးမှာ ရှိတဲ့ ဟိုဂူကို giverလို ခေါ်ရမယ်။ 

   ကွာဟချက်ကတော့ ဟိုဂူကတော့ မိမိ အကျိုး ယုတ်လည်း ကူညီမြဲ ကူညီတတ်သူ၊ ခံရပါ များလည်း အမှတ်မရှိတဲ့ သူမျိုးဆိုရင် giver ကတော့ အဲဒီလို မဟုတ်ပါဘူး။ giver ကတော့ မိမိ ကူညီနိုင်တဲ့ အတိုင်းအတာအထိ ကူညီပြီး ခံရလည်း တစ်ခါပဲ ခံတတ်တဲ့ သူမျိုး၊ ထပ်တလဲလဲ အလိမ်မခံတတ်တဲ့ သူမျိုးကို ခေါ်ပါတယ်။ 

   giverလို လူမျိုးဟာ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီးတော့ ပြောင်းလဲဆက်ဆံတတ်ကြပါတယ်။ မိမိရဲ့ ချစ်သူခင်သူတွေနဲ့ဆိုရင်တော့ giverလိုမျိုး၊ အထူးသဖြင့် မိသားစု၊ သူငယ်ချင်း အရင်းခေါက်ခေါက်တွေ၊ သမီးရည်းစား အပေါ်ကိုတော့ giverလို ဆက်ဆံတတ်ကြပါတယ်။

တစ်ခုခုကို ညှိနှိုင်းတဲ့အခါမှာတော့ taker လိုမျိုး၊ လက်အောက် ငယ်သားကို အကြံဉာဏ် ပေးတဲ့အခါမှာတော့ giverလိုမျိုး၊ မိမိ တတ်ကျွမ်းတဲ့ အတတ်ပညာကို လုပ်ဖော်ကိုင်ဖက် အချင်းချင်း ဆွေးနွေးပြောဆိုတဲ့ အခါမှာတော့ matcherလိုမျိုးပဲ ဖြစ်ပါတယ်။ 

    နောက်ဆုံး ကွာဟချက် တစ်ခုကတော့  Taker လို တစ်ကိုယ်ကောင်းသမားအပေါ်ကိုပါ ကောင်းနိုင်လား မကောင်းနိုင်လားပဲ ဖြစ်ပါတယ်။ Giver ဟာ တစ်ကိုယ်ကောင်းဆန်တဲ့ သူမျိုး အပေါ်မှာ အချိန်ကို မသုံးပါဘူး။ မိမိ အကျိုးစီးပွားပဲ ကြည့်တတ်တဲ့သူမျိုး အပေါ်ကို တစ်ကြိမ်တော့ မသိလို့ ခံရရင် ခံရမယ် ၂ကြိမ်တော့ မခံတတ်ကြပါဘူး။ 

     ဟိုဂူကတော့ အကန့်အသတ်မရှိ လူတိုင်းအပေါ်ကို ကူညီတယ်။ ပေါင်းသင်းဆက်ဆံကြပါတယ်။ နောက်ပြီး Giver ဟာ မိမိအပေါ်ကို နစ်နာအောင် လုပ်သူကို ဒီအတိုင်းမထားတတ်ပဲ တုံ့ပြန်တတ်ကြပါတယ်။ 


အောင်မြင်မှု လှေကားရဲ့ အမြင့်ဆုံးမှာ ရပ်နိုင်တဲ့ သူတွေထဲမှာ ဘာဖြစ်လို့ giver က takerထက် များရတာလဲ။ 

အဲဒီ အကြောင်းအရင်းကတော့ 

၁။ အသိမိတ်ဆွေ များခြင်း မများခြင်းနဲ့ ခင်မင်မှုအတိုင်းအတာရဲ့ အတိမ်အနက်ပေါ် မူတည်ပါတယ်။

    စီးပွားရေး လောကမှာတော့ အသိမိတ်ဆွေ ပေါများခြင်းဟာ အလွန်အင်မတန်မှ အရေးကြီးလှပါတယ်။ ထို့အတွက် taker လို လူမျိုးတွေဟာ မျက်နှာဖုံးစွပ်ပြီး လူတွေကို ဆက်ဆံတတ်ပါတယ်။ သူငယ်ချင်းပေါင်းပေါင်းတတ်ကြတယ်။ အထူးသဖြင့် taker တွေဟာဆို အထက်လူကြီးရှေ့ဆို giverလို ဟန်ဆောင်၊ မြှောက်ပင့်ပြောဆိုတတ်ကြပြီး၊ လက်အောက်ငယ်သားတွေအပေါ်မှာတော့ taker ရဲ့ မူရင်း ဘီလူးခေါင်းဆောင်းဟာ ဗူးပေါ်သလို ပေါ်လာတတ်ပါတယ်။ မျက်နှာဖုံးဆိုတာ ကျွတ်ချိန်တန် ကျွတ်သွားတတ်ပြီး မိမိအကျိုးပဲ လုပ်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ မျက်နှာဖုံးအမှန်ပေါ်လာတတ်ကြပါတယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ taker အကြောင်း သိသွားတဲ့ သူတွေကျတော့ တဖြေးဖြေး ရှောင်သွားတတ်ကြပါတယ်။ အဲဒီအတွက် ရေရှည်မှာ takerလို လူမျိုးတွေဟာ အသိမိတ်ဆွေကို ရေရှည် ထိမ်းမထားနိုင်တဲ့ ပြသနာနဲ့ ကြုံရပါတယ်။ 

    တစ်ဖက်မှာ giver ရဲ့ အောင်မြင်မှုကိုကျတော့ လူတွေက လှိုက်လှိုက်လှဲလှဲ ကြိုဆိုပေးကြတယ်။ ပေးကမ်းခြင်း၊ သူတစ်ပါးကို ကူညီခြင်းဟာ ရေတိုမှာတော့ မိမိအကျိုးအမြတ် နည်းသွားနိုင်ပေမဲ့ ရေရှည်မှာတော့ အကျိုးရှိလာနိုင်ပါတယ်။ giver ရဲ့ အကူအညီကို ရယူဖူးသူတွေဟာ ချက်ချင်းကြီးတော့ ကျေးဇူးမတုံ့ပြန်နိုင်သေးပေမဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ တုံ့ပြန်လာတတ်ကြပါတယ်။ giver ရဲ့ နည်းလမ်းကတော့ အသိမိတ်ဆွေ များများနဲ့ ဆက်ဆံရေးကို ရေရှည် ထိန်းထားနိုင်ခြင်းဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ နောက်ပြီး တကယ်တမ်း အကူအညီ ရယူဖူးသူတွေဟာ အရမ်းရင်းနှီးတဲ့ သူတွေထက်စာရင် သိပ် မရင်းနှီးတဲ့ သူတွေဆီက အကူအညီ ရကြတာ များတယ်ဆိုတဲ့ စစ်တမ်း ရလဒ်လည်း ထွက်လာပါတယ်။ ထို မရင်းနှီးပါဘဲနဲ့ အကူအညီပေးတတ်သူတွေကတော့ giver လို လူမျိုးများပဲ ဖြစ်ပါတယ်။ 

      နောက်တစ်ခု Matcher လို လူမျိုးတွေရဲ့ အားနည်းချက်လို့ ပြောရမလား၊ အဲဒါကတော့ ၂ချက် ရှိပါတယ်။ အပေးအယူသမား ဖြစ်တဲ့အတွက် သူ့ဆီက အကူအညီ ရယူသူတွေဟာ ကျေးဇူးတော့ တင်ပါလျက် အပေးအယူသဘောလိုမျိုး ခံစားသွားတတ်ကြပါတယ်။ နောက်တစ်ချက်ကတော့ အသိမိတ်တွေ ကွန်မြူနတီ ကျဉ်းမြောင်းပါတယ်။ အကြောင်းကတော့ ရသလောက်ပဲ ပြန်ပေးတတ်တဲ့အတွက်ပဲ ဖြစ်ပါတယ်။ ကိုယ်နဲ့ အဆက်အစပ် မရှိသူနဲ့ အပေးအယူ မလုပ်တာမျိုး၊ အကျိုး အမြတ်မရှိနိုင်ရင် မကူညီတာမျိုးတွေ ရှိတဲ့အတွက်ပဲ ဖြစ်ပါတယ်။ Giver ကျတော့ သူများဆီက ဘာအကျိုးမှ မမျှော်လင့်ပဲ ဖြူဖြူစင်စင် ကူညီပေးတဲ့အတွက် စိတ်ရင်းစေတနာကို အသိအမှတ်ပြုခံရပါတယ်။ အဲဒီ အသိအမှတ်ပြုခြင်းနဲ့ ကျေးဇူးတင်မှုဟာ အလွယ်တကူ မေ့ပျောက်တာမျိုး မရှိတဲ့အတွက်ပဲ ဖြစ်ပါတယ်။ 


၂။ Giverလို လူမျိုးတွေ အောင်မြင်ရတဲ့ နံပါတ် ၂ အကြောင်းအရင်းကတော့ လူတစ်ယောက် ကိစ္စ တစ်ခုရဲ့ ဖြစ်နိုင်ချေ ၊ အလားအလာကို ယုံကြည်ပေးခြင်းပဲ ဖြစ်ပါတယ်။ ဒီမှာ ယိုဟန် ဗိုးဖ်ဂန်းက ဒီလိုမျိုး ပြောခဲ့ပါတယ်။ လူတစ်ယောက်ရဲ့ လက်ရှိ အနေအထားကိုပဲ ကြည့်ပြီး အဲဒီအတိုင်း ယူဆလိုက်ခြင်းဟာ အဲဒီလူကို ဖျက်ဆီးတာနဲ့ တူတူပဲ။ အဲဒီလူရဲ့ အနာဂတ်အလားအလာဟာ စတင်အကောင်အထည် ပေါ်စပြုလာပြီလို့ ယုံကြည်ပေးပြီး ဆက်ဆံပေးရင် နောင်တစ်ချိန်မှာ တကယ်ပဲ အဲဒီအတိုင်း ဖြစ်လာတယ်။ အခု မိမိနဲ့ အဆက်အဆံ ရှိတဲ့သူတွေဟာ နောင်တစ်ချိန်မှာ အောင်မြင်တဲ့သူတွေဖြစ်လာမယ်လို့ စဉ်းစားလိုက်ရင် သင်ဟာ Giver လို ပြုမူမလား၊ taker လို ပြုမူမလား။

မိမိတို့ အရှေ့မှာ ရှိနေတဲ့ သူဟာ လိုအပ်ချက်တွေ အများကြီး ရှိနေမယ်။ စိတ်ပျက်စရာ ကောင်းနေတယ် ဆိုပေမဲ့ ဒါဟာ သူရဲ့ ယခု အခြေအနေ ဖြစ်ပါတယ်။ သူဟာ နောင်တစ်ချိန်မှာ ယခုထက် ပိုအောင်မြင်နိုင်တယ်ဆိုတဲ့ အလားအလာကို ယုံကြည်ပေးပြီး ဆက်ဆံမယ်ဆိုရင် သူနဲ့ ကိုယ်ရဲ့ ဆက်ဆံရေးဟာ ခိုင်မြဲသထက်ခိုင်မြဲမှာ ဖြစ်ပါတယ်။ 


၃။ Giverလို လူမျိုးတွေ အောင်မြင်ရတဲ့ အကြောင်းအရင်း နံပါတ် ၃ကတော့ SNS ပဲ ဖြစ်ပါတယ်။ ဟိုးအရင်တုန်းကတော့ taker ဟာ ဘယ်လိုပဲ ကိုယ့်အကျိုးအမြတ်ပဲ ကြည့်တဲ့ လုပ်ရပ်မျိုး လုပ်လုပ် ဘယ်သူမှ  မသိနိုင်ခဲ့ပါ။ ယနေ့ခေတ်မှာ ဖေ့စ်ဘုတ်၊ တွတ်တာ၊ ယူကျုတို့ကနေ တစ်ဆင့် လူတွေရဲ့ အကျင့်စရိုက် အကောင်းအဆိုးကို လေ့လာ သုံးသပ်နိုင်လာတယ်။ ဒါဆို taker လို လူမျိုးဆိုတာကို ဘယ်လို ခွဲခြားသိနိုင်မလဲ။ ပညာရှင်တွေကတော့ ဖေ့စ်ဘုတ်ရဲ့ TIME LINE ကိုပဲ ကြည့်ရင်တောင် ခွဲခြားနိုင်တယ်လို့ ဆိုပါတယ်။ Taker တွေဟာ ငါ၊ ငါရဲ့၊ ငါ့ဟာ ဆိုတဲ့ အသုံးအနှုန်းများ သုံးကြပါတယ်။ တစ်ကိုယ်ကောင်းသမား၊ မိမိကိုယ်ကို လိုတာထက် ပိုပြီး ယုံကြည်ချက် ရှိနေခြင်း၊ Taker ရဲ့ ပေ့တွေမှာဆိုရင် မရှိတာကို အရှိလုပ်တာမျိုး၊ အများရဲ့ ဂရုစိုက်မှုကို လိုချင်တတ်ကြတယ်။ သူငယ်ချင်းတွေနဲ့ အတူရိုက်ထားတဲ့ ပုံတွေဆိုလည်း မိမိက အထင်ရှားဆုံး ဖြစ်နေတဲ့ ပုံမျိုးကို ရွေးတင်တတ်တဲ့ လူမျိုးတွေဟာ Taker စစ်စစ်တွေ ဖြစ်ပါတယ်။



ကဲ ရှင်းလင်းချက်တွေကို ဖတ်ပြီးပြီဆိုတော့ 

သင်ဟာ taker လား၊ matcherလား၊ giverလား၊ ဟိုဂူလား။


အောက်ပါ လင့်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။ 


참고 사이트 https://www.youtube.com/watch?v=yku1m4gOXrQ


책그림「기브앤테이크」를 바탕으로 테이커, 매쳐, 기버에 대해 알아봅니다.


:
Posted by 해맑은순이