달력

5

« 2025/5 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31
2020. 5. 7. 12:21

코로나 긴급재난지원금 지식2020. 5. 7. 12:21

2020.05.07. 

ကိုရီးယားမှာ ကိုရိုနာ ထောက်ပံ့ကြေး စတင်ပေးပြီ အရင်က ကိုရိုနာ ထောက်ပံ့ကြေးကို ဝင်ငွေ နည်းတဲ့ အိမ်ထောင်စုများကိုပဲ ပေးမယ်ဆိုပြီး ကြေငြာခဲ့ပါတယ်။ သို့သော် ထောက်ပံ့ကြေး မရနိုင်တဲ့ စာရင်းဝင် သူများရဲ့ ထောက်ပြပြောဆိုမှုကြောင့် အခုဆိုရင် တစ်နိုင်ငံလုံးကို ပေးဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

 

ကိုရိုနာရဲ့ ရိုက်ခတ်မှုကို ခံရတာ တစ်နိုင်ငံလုံးပဲ ဖြစ်တဲ့အတွက် ယခုလိုမျိုး ပြောင်းလဲဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီတော့ ကိုရီးယား တစ်နိုင်ငံလုံးမှာ အိမ်ထောင်စု စုစုပေါင်း 21.71သန်း ရှိပြီး၊ ထို အိမ်ထောင်စု အားလုံးကို ပေးသွားမှာ ဖြစ်ပါတယ်။

 

ထောက်ပံ့ကြေး သတ်မှတ်ချက်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

1ဦး အိမ်ထောင်စု 4သိန်း

2ဦး အိမ်ထောင်စု 6သိန်း

3ဦး အိမ်ထောင်စု 8သိန်း

4ဦးနှင့်အထက် 10သိန်း

 

ဒါဟာ ဗဟိုအစိုးရမှ ချမှတ်ပြီး ပေးတဲ့ ထောက်ပံ့ကြေး ဖြစ်တဲ့အတွက်၊ ဘာ ထောက်ပံ့ကြေးမှ မရရှိသေး သူများအတွက် နှုန်းထား ဖြစ်ပြီး၊ တိုင်းဒေသအစိုးရမှ ပေးထားတဲ့ ထောက်ပံ့ကြေးများ ရရှိပြီး သူများအတွက် ထောက်ပံ့ကြေး နှုန်းဟာ အပြောင်းအလဲ ရှိနိုင်ပါတယ်။

 

ကိုယ်က ကိုရီးယား အမျိုးသား သန်းခေါင်စားရင်းထဲ ဝင်ထားတော့ လွန်ခဲ့တဲ့ 2ပတ်က ရရ မရရ လျှောက်ရမှာ ကိုယ့်အလုပ်ဆိုပြီး ရပ်ကွက်ရုံးကို သွားပြီး လျှောက်လွှာ တင်ထားခဲ့တယ်။ ထောက်ပံ့ကြေး လျှောက်ရက်ကလည်း နှာခေါင်းစည်း ဝယ်သလိုပဲ မိမိ မွေးနှစ်အလိုက် သတ်မှတ်ထားတဲ့ နေ့မှာ သွားပြီး လျှောက်ရတာ ဖြစ်ပါတယ်။ ရပ်ကွက်ရုံးမှာ သွားပြီး ဖောင်ဖြည့်ပြီး တင်ခဲ့ရုံပါပဲ။

 

ထောက်ပံ့ကြေးကို နည်းလမ်း 2မျိုးနဲ့ ရယူနိုင်တယ်။ ပထမ နည်းလမ်းကတော့ prepaid card နဲ့ ယူမလား။ နောက်တစ်နည်းကတော့ application နဲ့ ကူပွန် ရယူပြီး သုံးရတဲ့ နည်းလမ်းများပဲ ဖြစ်ပါတယ်။ prepaid card ကတော့ ကြိုက်တဲ့ နေရာမှာ သုံးလို့ ရတယ်။

ကူပွန်ကတော့ သက်ဆိုင်ရာ ခရိုင်အတွင်းမှာပဲ သုံးလို့ ရပါတယ်။ ကူပွန်ရဲ့ အားသာချက်က ဘာလဲဆိုတော့ 10ရာခိုင်နှုန်း ပိုရတာပါပဲ။

 

ကိုယ်ကတော့ အလုပ်ရှုပ်တာ မကြိုက်‌တော့ prepaid card နဲ့ ယူနည်းကို ရွေးခဲ့ပါတယ်။ မနေ့က prepaid card ရပြီ ဖြစ်ကြောင်း ဖုန်းထဲကို message ရောက်လာတော့ ဒီနေ့ ရပ်ကွက်ရုံး သွားပြီး ထုတ်လာခဲ့ပါတယ်။

 

ခုမှ ကြည့်မိတာ ကိုယ်လျှောက်လွှာတင်ခဲ့တာ ဆိုးလ်မြို့တော်က ပေးတဲ့ ထောက်ပံ့ကြေး ဖြစ်နေတယ်။ ကဒ်ထဲ ၃သိန်း ပါပါတယ်။

 

တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပေးမယ့်ဟာက အွန်လိုင်းက​ လျှောက်ရင် လာမယ့် ၁၁ရက်နေ့မှ စပြီး လျှောက်ရမှာ။ လူကိုယ်တိုင်က ၁၈ရက်နေ့မှ လျှောက်ရမှာ။ credit card ထဲ လှမ်းထည့်ပေးတဲ့ နည်းလမ်းနဲ့လည်း ယူလို့ ရတယ်။ သူကတော့ credit card ကုမ္ပဏီက တစ်ဆင့်သွားတာမျိုး။ ရှုပ်နေတာပဲ။

 

နောက်ပြီး ဒီ ထောက်ပံ့ကြေးက ပြည်သူတွေ စားဝတ်နေရေး ချောင်လည်အောင် ထောက်ပံ့ပေးတာ ဖြစ်တဲ့အတွက် ကုန်တိုက်၊ မားကတ်ကြီးများ၊ ကလပ်များမှာ အသုံးပြုခွင့် မရှိပါဘူး။ အွန်လိုင်း ရှော့ပင်းမောလ်မှာလည်း သုံးလို့ မရပါ။

 

သူ့ရဲ့ ရည်ရွယ်ချက်က အသေးစား အလတ်စား လုပ်ငန်းများ၊ စျေးဆိုင်များ ပြန်လည် ခေါင်းမော့လာစေရေး ဖြစ်တဲ့အတွက် ပြည်သူတွေကို ငွေပေးပြီး သုံးခိုင်းတာ ဖြစ်ပါတယ်။

 

ဒီ ထောက်ပံ့ကြေးကို 8လပိုင်း ကုန်အထိ အကုန် သုံးရမှာ ဖြစ်ပါတယ်။ နိုင်ငံတွင်းမှာ အချိန်တိုအတွင်း စီးပွားရေး ပြန်လည် ကောင်းမွန်စွာ လည်ပတ်စေရန် ရည်ရွယ်ပါတယ်။ သမ္မတကတော့ တစ်နိုင်ငံလုံးကို ပေးတာတော့ ဟုတ်တယ်။

 

လာမထုတ်ရင် အလိုအလျောက် လှူတယ်လို့ ယူဆမယ်ဆိုပြီး ပြောပါတယ်။ တစ်နည်းအားဖြင့် အလှူပြန်ခံတဲ့ သဘောပေါ့။ ကိုယ်တွေကတော့ ကုမ္ပဏီပိုင်ရှင်လည်း မဟုတ်၊ လုပ်ငန်း ပိုင်ရှင်လည်း မဟုတ်၊ လခစား မိသားစုလေးဆိုတော့ ပြန်မလှူနိုင်တာ စိတ်မကောင်းပါဘူး သမ္မတကြီးရယ်။

 

မှတ်ချက်။ နိုင်ငံခြားသားများ ထောက်ပံ့ကြေး ရနိုင်မရနိုင်ကို‌တော့ ဘာမှ ပြောကြားထားခြင်း မရှိပါ။ သက်ဆိုင်ရာ အလုပ်သမား ထောက်ပံ့ရေးစင်တာတို့ ဘာတို့ကို ဖုန်းဆက်ပြီး စုံစမ်းမေးမြန်းပါရှင်။

 

I SEOUL Uက ပေးတဲ့ ထောက်ပံ့ကြေး 3သိန်းပါ ကဒ်ဖြစ်ပါတယ်။

 

Reference: 행정안전부 2020년 긴급재난지원금 -

https://www.gov.kr/portal/coronaPolicy/list/emergCalamSportAmt/sub01

 

행정안전부 2020년 긴급재난지원금

‘긴급재난지원금’이란? 코로나19의 글로벌 대유행(pandemic)에 따라, 국내외 경제는 전례없는 불확실성에 직면하게 되었습니다. - 특히 경제활동과 소비심리가 크게 위축되고민생ㆍ경제 전반의 어려움이 확대되어, 소상공인ㆍ자영업자ㆍ국민의 버팀목이 절실한 상황입니다. - 또한 현재와 같이 광범위한 계층에 피해가 발생한 상황에서,주로 사회적 취약계층을 대상으로 한 기존 복지제도로는지원의 사각지대가 발생하게 됩니다. 긴급재난지원금은 코로나19라는 유례없는 위기

www.gov.kr

 

:
Posted by 해맑은순이

ကိုရိုနာ-19က ကိုရီးယားကို ဝင်လာတာ 2လကျော်လို့ 3လထဲ ရောက်တော့မယ်ဆိုတော့ စီးပွားရေး လုပ်ငန်းတွေ၊ အလုပ်သမားတွေ၊ စျေးဆိုင်တွေလည်း ညည်းငြူလာကြပြီ။ တချို့ တိုင်းဒေသကြီး အစိုးရတွေကတော့ ချို့တဲ့တဲ့ လူတန်းစားတွေကို တစ်လ ၃သိန်းနှင့်အထက် ထောက်ပံ့ကြေးများ ထောက်ပံခြင်းများ လုပ်ဆောင်လျက် ရှိပါတယ်။ တစ်နိုင်ငံလုံး အနေအထားနဲ့ ကပ်ဘေးရှောင် ထောက်ပံ့ကြေးပေးဖို့ တင်ပြခဲ့ပေမဲ့ ဆိုင်းငံ့ထားခဲ့တာဟာ ယနေ့မှာတော့ သမ္မတ မွန်းဂျယ်အင်းမှနေပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၄ယောက်မိသားစုနှုန်းကို ထောက်ပံ့ကြေး ၁၀သိန်း ထောက်ပံ့ဖို့ ကြေငြာလိုက်ပါပြီ။

မိသားစု ဦးရေ

သတ်မှတ် တစ်လ ဝင်ငွေနှုန်း

ထောက်ပံ့ကြေး

1ယောက်တည်းသမားများ

ဝမ် 26သိန်း 4သောင်းအောက်

-

မိသားစုဝင် 2ယောက်

ဝမ် 44သိန်း 9သောင်းအောက်

-

မိသားစုဝင် 3ယောက်

ဝမ် 58သိန်း 1သောင်းအောက်

-

မိသားစုဝင် 4ယောက်

ဝမ် 71သိန်း 2သောင်းအောက်

10သိန်း(Standard)

မိသားစုဝင် 5ယောက်

ဝမ် 84သိန်း 4သောင်းအောက်

-

မိသားစုဝင် 6ယောက်

ဝမ် 97သိန်း 6သောင်းအောက်

-

 

        ဆိုလိုတာ 4ယောက်မိသားစု ဝင်ငွေက တစ်လ ၇၁သိန်း၂သောင်းနှင့် အထက်ဆိုရင် အစိုးရ ထောက်ပံ့ကြေး မရပါဘူး။ 4ယောက် မိသားစုဆို 10သိန်း၊ သူ့ထက် နည်းရင် ထောက်ပံ့ကြေးလည်း လိုက်နည်းပြီး၊ 4ယောက်ထက် များတယ်ဆိုရင်လည်း မိသားစုဝင် အရေအတွက်အလိုက် ထောက်ပံ့ကြေးလည်း အပြောင်းအလဲ ရှိမယ်ဆိုတဲ့ သဘော ဖြစ်တယ်။

 

  ဖော်ပြပါ တစ်လဝင်ငွေနှုန်းနှင့် အထက် ဝင်ငွေ ရရှိနေသော မိသားစုများကတော့ ထောက်ပံ့ကြေး ရရှိမှာ မဟုတ်ပါ။ အမှန်တကယ် ချပေးတဲ့အခါ သတ်မှတ်ဝင်ငွေနှုန်းက ဖော်ပြထားတာထက် အနည်းငယ် နိမ့်သွားမယ်လို့ ခန့်မှန်းရပါတယ်။ ဒါဟာ လစဥ်ပေးဆောင်ထားတဲ့ အာမခံကြေးကိုပါ ထည့်သွင်းစဥ်းစားသွားမှာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ 

  

   ထို့အပြင် အာမခံကြေး လျှော့ကောက်ခြင်း၊ ချို့တဲ့ လူတန်းစားများအတွက် သီးသန့် ထပ်ပေါင်းထောက်ပံ့ခြင်း စသည့် နည်းလမ်းများနှင့် ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ပါတယ်။ သမ္မတ မွန်းဂျယ်အင်းကတော့ “အစိုးရကတော့ ဝင်ငွေနည်းသည့် လူတန်းစားများနှင့် သတ်မှတ်ထားသည့် ပမာဏအောက် အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် အာမခံကြေးနှင့် မီတာခများ ပေးဆောင်ရက်များ နောက်ရွှေ့ပေးခြင်း၊ သို့မဟုတ် လျှော့ချ ကောက်ခံခြင်းများ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ ဒီ ဆုံးဖြတ်ချက်ကိုတော့ 3လပိုင်းအတွက် ပေးဆောင်ရမယ့် အခွန်အခများမှ စတင်ပြီး အသက်ဝင်စေပါမယ်။ လို့ ပြောကြားခဲ့ပါတယ်။

 

အခုမှ နားလည် သဘောပေါက်သွားတာကတော့ အစိုးရကို အခွန်ဆောင်တယ်ဆိုတာ အလကား ဆောင်နေကြတာ မဟုတ်ဘူးဆိုတာပါပဲ။ အရေးကြုံလာတော့ အဲ့ဒီအခွန်တွေပဲ ထုတ်သုံးကြရတာပါပဲ။ ကိုယ်လည်း အခွန်ဆောင်းထားရတာ။ အခွန်အဖြတ်ခံရတိုင်း ငိုချင်ခဲ့ပေမဲ့ အခုလို အကျိုးရှိရှိ အသုံးချတာ မြင်ရတော့လည်း ပီတိဖြစ်ရပါတယ်။

 

အမှန်တကယ်ဆိုရင် ဝင်ငွေ ပိုများတဲ့ သူတွေက အခွန် ပိုတောင် ဆောင်ရသေးတဲ့ဟာကို တကယ်တမ်း ပြန်လည် ထောက်ပံ့တော့ သူတို့တွေကို ဖယ်ထားခဲ့တယ်။ ဒါကို မကျေနပ်တဲ့ သူတွေလည်း ရှိတာပေါ့နော်။ ဒါပေမဲ့ အစိုးရဆိုတာ ချင့်ချိန်ပြီး လုပ်သင့်တာကို လုပ်တာ၊ ဥပဒေနဲ့ ကိုင်ပြီး လုပ်တာ ဖြစ်တဲ့အတွက် မကျေနပ်တဲ့ သူ ရှိလည်း ရှိရှိပဲလေ။ ပြည့်နေတဲ့ အိုးကို လျှံကျအောင် ထပ်ဖြည့်ရလောက်အောင် နိုင်ငံတော်ရဲ့ ဘဏ္ဍာက ပိုလျှံနေတာ မဟုတ်ဘူးလေ။ ဒါကို ဒီမှာ တော်တော်များများတော့ နားလည်ပေးကြပါတယ်။

 

 

ကိုးကား။ https://www.mk.co.kr/news/politics/view/2020/03/326691/

:
Posted by 해맑은순이