달력

5

« 2025/5 »

  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • 13
  • 14
  • 15
  • 16
  • 17
  • 18
  • 19
  • 20
  • 21
  • 22
  • 23
  • 24
  • 25
  • 26
  • 27
  • 28
  • 29
  • 30
  • 31
2018. 12. 21. 12:48

지금은 맞고 그때는 틀리다 생활2018. 12. 21. 12:48



Zawgyi

အခုေတာ့ မွန္တယ္။ အဲဒီတုန္းက မွာေနးတယ္။

ေနာင္တ 

    ဒီစာေၾကာင္းေလးက ကိုရီးယား ႐ုပ္ရွင္ကား တစ္ကားရဲ႕ ေခါင္းစဥ္ပဲ ျဖစ္ပါတယ္။ ေခါင္းစဥ္ေလးကို ႀကိဳက္လို႔ ေရ႐ြတ္ရင္းကေန ကိုယ့္အေၾကာင္း ကိုယ္ ျပန္ေတြးမိၿပီး ၿပဳံးမိလာတယ္။ 


   လူဆိုတာ အၿမဲ အသက္က ႀကီးပဲလာတယ္။ ငယ္သြားတယ္လို႔ မရွိၾကဘူး။ ငယ္ငယ္တုန္းက မွန္တယ္ ထင္ခဲ့တဲ့ အရာေတြဟာ အခုခ်ိန္မွာ မမွန္ေတာ့ဘူး။ ငယ္ငယ္တုန္းက ကိုယ္ေျပာခဲ့ ျပဳမူခဲ့တာေတြကို ျပန္စဥ္းစားၾကည့္ရင္ အခုခ်ိန္မွာ ရယ္စရာ၊ သို႔မဟုတ္ ငါ အဲဒီအခ်ိန္တုန္းက ဘာလို႔ အဲဒီလို ျပဳမူ ေျပာဆိုခဲ့တာလဲဆိုၿပီး နားမလည္ႏိုင္ ျဖစ္တတ္ၾကပါတယ္။ 


    ဒါဟာ အတိတ္က ကိုယ္ဟာ မွားေနခဲ့တာ မဟုတ္သလို ေနာင္တရစရာလည္း မဟုတ္ပါဘူး။ ကိုယ့္ရဲ႕ အသက္၊ ကိုယ့္မွာ ရွိတဲ့ ဗဟုသုတ၊ ကိုယ္က်င္လည္ခဲ့တဲ့ ပတ္ဝန္းက်င္ေပၚ မူတည္ၿပီး အေတြးအေခၚ၊ အေတြးအျမင္ဟာ အၿမဲေျပာင္းလဲေနတဲ့အတြက္ပဲ ျဖစ္ပါတယ္။ လူဟာ မိမိသိသေလာက္ပဲ ျမင္တတ္၊ ေတြးတတ္တာ သဘာဝ ျဖစ္ပါတယ္။ တစ္နည္းအားျဖင့္ ေျပာရရင္ လက္ရွိ ပစၥဳပၸန္မွာ မိမိပိုင္ဆိုင္ထားတဲ့ ေပတံနဲ႔ပဲ တိုင္းၾကတာပဲ ျဖစ္ပါတယ္။ 


     ဥပမာေပးၿပီး ေျပာရရင္ မဟာတန္း တက္ဖို႔အတြက္ my self ေရးၿပီး တင္ရပါတယ္။ လြန္ခဲ့တဲ့ ၃ႏွစ္ေလာက္ကေပါ့ေနာ္။ အခု မဟာတန္း ဘြဲ႕ရၿပီးေတာ့ အလုပ္ေလွ်ာက္ဖို႔ my self ေရးတဲ့အခါ အသစ္မေရးခ်င္ေတာ့လို႔ လြန္ခဲ့တဲ့ ၃ႏွစ္က my selfကို ျပန္ရွာၿပီး နည္းနည္းပဲ ထပ္ျဖည့္မယ္ဆိုၿပီး ၾကည့္လိုက္တဲ့အခါ ကိုယ့္မ်က္ႏွာမွာ ရွက္ၿပဳံးေလး သမ္းသြားတာကို သတိထားမိလိုက္ပါတယ္။ ကိုယ္ေရးထားတယ္ဆိုတာကို မယုံႏိုင္ေအာင္ အံ့ၾသသြားမိတယ္။ ငါေရးထားတာ ဟုတ္ရဲ႕လားဆိုၿပီးေပါ့။ အဲဒီအခ်ိန္တုန္းက အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားေရးခဲ့တဲ့ my self ဟာ အခု လက္ရွိ မိမိအျမင္နဲ႔ ၾကည့္လိုက္တဲ့အခါ လိုအပ္ခ်က္ေတြ မ်ားေနတာကို ေတြ႕ခဲ့ရတယ္။ အေရးအသားက အစ အမ်ားႀကီး လိုေနတာကို ေတြ႕ခဲ့ရတယ္။ ဒါေပမဲ့ အဲဒီအခ်ိန္တုန္းက မိမိ သိသေလာက္ေလးနဲ႔ အေကာင္းဆုံး ျဖစ္ေအာင္ ႀကိဳးစားေရးခဲ့တဲ့ သူဟာလည္း ကိုယ္ပဲ။ အခု အဲဒီအခ်ိန္တုန္းက ကိုယ့္ကိုယ္ကို ျပန္ၾကည့္ၿပီး ရယ္ေနတာလည္း ကိုယ္ပါပဲ။ ေနာင္ တစ္ခ်ိန္ အခု ကိုယ္ ျပန္ျပင္ေရးထားတဲ့ my self ကို ၾကည့္ၿပီး ထပ္ ရယ္ေနဦးမယ့္ သူဟာလည္း ကိုယ္ပါပဲ။ အခ်ိန္တစ္ခုပဲ ကြာေနခဲ့တာပါ။ လူကေတာ့ တစ္ေယာက္တည္း ျဖစ္ေပမဲ့ အခ်ိန္ေပၚ မူတည္ၿပီး အေတြးအျမင္၊ အသိပညာလည္း ကြာသြားတာပါ။ ဒါဟာ my self ဆိုတဲ့ ထင္သာ ျမင္သာတဲ့ စာ႐ြက္ေလး ရွိလို႔သာ မိမိကိုယ္ကို ဘယ္လို ေျပာင္းလဲလာတယ္ဆိုတာကို ျပန္လည္ ျမင္ရတာ ျဖစ္ပါတယ္။ 


     ဒါဆိုရင္ ထင္သာ ျမင္သာ မရွိတဲ့ ေလထဲေရာက္ၿပီး ေပ်ာက္သြားေပမဲ့ ေခါင္းထဲမွာေတာ့ ထင္က်န္ရစ္ခဲ့တဲ့ စကားေတြ၊ အျပဳအမူေတြဆိုရင္ေကာ ဘယ္ေလာက္ေတာင္ ရယ္စရာေကာင္းလိုက္မလဲဆိုၿပီး ေတြးမိပါတယ္။ အထူးသျဖင့္ လူမႈဆက္ဆံေရးမွာ တစ္ဦးနဲ႔ တစ္ဦးၾကားမွာ ပဋိပကၡေတြ ဆိုတာ ရွိစၿမဲပါ။ လူ တစ္ဦးနဲ႔ တစ္ဦးၾကားမွာလည္း ႀကီးျပင္းက်င္လည္လာတဲ့ ပတ္ဝန္းက်င္၊ ျဖတ္သန္းခဲ့တဲ့ အေတြ႕အႀကဳံရဲ႕ မတူကြဲလြဲမႈဟာ ရွိစၿမဲပါ။ အဲဒီအတြက္ ငါမွန္တယ္။ နင္မွားတယ္။ ဆိုၿပီး တစ္ဖက္သတ္ ေျပာလို႔ မရပါ။ အခ်ိန္ေတြ ကုန္လြန္ၿပီး မိမိကိုယ္ကို ျပန္ၾကည့္ၿပီး ရွက္ၿပဳံးၿပဳံးတာ ကိစၥမရွိေပမဲ့၊ သူမ်ားက ကိုယ့္ရဲ႕ တစ္ခ်ိန္က ေျပာခဲ့တဲ့ စကား၊ ျပဳမူခဲ့တဲ့ အျပဳအမူကို ၾကည့္ၿပီး ေလွာင္ၿပဳံးၿပဳံးတာ မခံခ်င္ရင္ေတာ့ ယခု အျပဳအမူ အေျပာအဆိုကို ဘရိတ္ေလး အုပ္တတ္ဖို႔ေတာ့ လိုမယ္။ စကားဆိုတာ ေျပာၿပီး ျပန္ေကာက္ ထည့္လို႔ မရတဲ့အတြက္ပဲ ျဖစ္ပါတယ္။ အတိတ္ဆိုတာလည္း time machine စီးၿပီး ျပန္သြားလို႔ လည္း မရတဲ့အတြက္ ျဖစ္ပါတယ္။ 


     တစ္ခ်ိန္က ေအးေအးဆိုတဲ့ မိမိဟာလည္း ကိုယ္မွန္တယ္ထင္ၿပီး တစ္ဖက္လူရဲ႕ ေနရာကို ဝင္မၾကည့္မိဘဲ ေျပာဆိုျပဳမူမိၿပီး တစ္ဖက္သားကို စိတ္ဒဏ္ရာ သို႔မဟုတ္ စိတ္အေႏွာင့္အယွက္ ေပးခဲ့ဖူးတာေတြ ရွိပါတယ္။ ကိုယ့္ကိုယ္ကိုဆိုေတာ့ အဲဒီအေျခအေန၊ အဲဒီအခ်ိန္မွာ အဲဒီလို ျပဳမူ ေျပာဆို႐ုံအျပင္ မတတ္ႏိုင္ဘူးဆိုၿပီး ကိုယ့္ကိုယ္ကို ေရွ႕ေနလိုက္ခဲ့ေပမဲ့ အခု ျပန္လည္ သုံးသပ္ဆင္ျခင္ၾကည့္လိုက္ေတာ့ အဲဒီ့တုန္းက သည္းခံလိုက္ရင္ အေကာင္းသားဆိုၿပီး သုံးသပ္မိတာ အမွန္ပါ။


    ဆန႔္က်င္ဖက္အေနနဲ႔ ေအာင့္အည္း သည္းခံခဲ့တဲ့ အျဖစ္ေတြကို ျပန္ၾကည့္ၿပီး အဲဒီအခ်ိန္တုန္းက ငါဘာလို႔ သည္းခံခဲ့တာလဲ၊ မဟုတ္ရင္ မဟုတ္ဘူးဆိုၿပီး ျပန္လည္ တုန႔္ျပန္ခဲ့သင့္တာဆိုၿပီး ေနာင္တရမိတာမ်ိဳးလည္း ရွိပါတယ္။ လူ ျဖစ္တဲ့အတြက္ အဲဒီလို ကိစၥမ်ိဳးကို လုံးဝမရွိေအာင္ေတာ့ မဆင္ျခင္ႏိုင္ေပမဲ့ နည္းသထက္ နည္းေအာင္ေတာ့ ဆင္ျခင္ေနပါတယ္။ အေျခအေနနဲ႔ အခ်ိန္အခါေပၚ မူတည္ၿပီး တုန႔္ျပန္သင့္လား၊ သည္းခံသင့္လား ဆိုတဲ့ တိက်ျပတ္သားတဲ့ ဆုံးျဖတ္ခ်က္ကို ခ်ၿပီး ျပဳမူေျပာဆိုႏိုင္ဖို႔ဆိုတာကလည္း လြယ္တဲ့ကိစၥေတာ့ မဟုတ္ပါဘူး။ တစ္ေန႔တစ္ေန႔ လူအမ်ိဳးမ်ိဳး၊ အေျခအေနအမ်ိဳးမ်ိဳးကို ႀကဳံေနရတဲ့အတြက္ပဲ ျဖစ္ပါတယ္။ 


    ထို႔အတြက္ မည္သူမဆို “အခုေတာ့ မွန္တယ္။ အဲဒီတုန္းက မွားတယ္။” ဆိုတဲ့ စကားဟာ အၿမဲ ကိုယ္နဲ႔အတူ ေနာက္ကေန တတြဲတြဲ လိုက္ေနမွာပဲ ျဖစ္ပါတယ္။ ဆုိလိုခ်င္တာကေတာ့ လက္ရိွ အခ်ိန္ကို တန္ဖိုးထားၿပီး ၾကိဳးစားေနတဲ့ သူမွသာ အတိတ္က ကိုယ့္ကိုယ္ကို ျပန္ၾကည့္ၿပီး လိုေနတယ္၊ မွားေနတယ္၊ ဆိုၿပီး သံုးသပ္နိုင္ၾကတဲ့အတြက္ပဲ ျဖစ္ပါတယ္။  ဒါဟာ သဘာဝပဲ ျဖစ္ပါတယ္။ အဲသလို မခံစားရတဲ့ သူကသာ တစ္ခုခု လြဲမွားေနတာပါ။ 



Unicode

အခုတော့ မှန်တယ်။ အဲဒီတုန်းက မှားနေတယ်။

နောင်တ

     ဒီစာကြောင်းလေးက ကိုရီးယား ရုပ်ရှင်ကား တစ်ကားရဲ့ ခေါင်းစဉ်ပဲ ဖြစ်ပါတယ်။ ခေါင်းစဉ်လေးကို ကြိုက်လို့ ရေရွတ်ရင်းကနေ ကိုယ့်အကြောင်း ကိုယ် ပြန်တွေးမိပြီး ပြုံးမိလာတယ်။ 

   လူဆိုတာ အမြဲ အသက်က ကြီးပဲလာတယ်။ ငယ်သွားတယ်လို့ မရှိကြဘူး။ ငယ်ငယ်တုန်းက မှန်တယ် ထင်ခဲ့တဲ့ အရာတွေဟာ အခုချိန်မှာ မမှန်တော့ဘူး။ ငယ်ငယ်တုန်းက ကိုယ်ပြောခဲ့ ပြုမူခဲ့တာတွေကို ပြန်စဉ်းစားကြည့်ရင် အခုချိန်မှာ ရယ်စရာ၊ သို့မဟုတ် ငါ အဲဒီအချိန်တုန်းက ဘာလို့ အဲဒီလို ပြုမူ ပြောဆိုခဲ့တာလဲဆိုပြီး နားမလည်နိုင် ဖြစ်တတ်ကြပါတယ်။ 

   ဒါဟာ အတိတ်က ကိုယ်ဟာ မှားနေခဲ့တာ မဟုတ်သလို နောင်တရစရာလည်း မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အသက်၊ ကိုယ့်မှာ ရှိတဲ့ ဗဟုသုတ၊ ကိုယ်ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်ပေါ် မူတည်ပြီး အတွေးအခေါ်၊ အတွေးအမြင်ဟာ အမြဲပြောင်းလဲနေတဲ့အတွက်ပဲ ဖြစ်ပါတယ်။ လူဟာ မိမိသိသလောက်ပဲ မြင်တတ်၊ တွေးတတ်တာ သဘာဝ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် လက်ရှိ ပစ္စုပ္ပန်မှာ မိမိပိုင်ဆိုင်ထားတဲ့ ပေတံနဲ့ပဲ တိုင်းကြတာပဲ ဖြစ်ပါတယ်။ 

     ဥပမာပေးပြီး ပြောရရင် မဟာတန်း တက်ဖို့အတွက် my self ရေးပြီး တင်ရပါတယ်။ လွန်ခဲ့တဲ့ ၃နှစ်လောက်ကပေါ့နော်။ အခု မဟာတန်း ဘွဲ့ရပြီးတော့ အလုပ်လျှောက်ဖို့ my self ရေးတဲ့အခါ အသစ်မရေးချင်တော့လို့ လွန်ခဲ့တဲ့ ၃နှစ်က my selfကို ပြန်ရှာပြီး နည်းနည်းပဲ ထပ်ဖြည့်မယ်ဆိုပြီး ကြည့်လိုက်တဲ့အခါ ကိုယ့်မျက်နှာမှာ ရှက်ပြုံးလေး သမ်းသွားတာကို သတိထားမိလိုက်ပါတယ်။ ကိုယ်ရေးထားတယ်ဆိုတာကို မယုံနိုင်အောင် အံ့သြသွားမိတယ်။ ငါရေးထားတာ ဟုတ်ရဲ့လားဆိုပြီးပေါ့။ အဲဒီအချိန်တုန်းက အကောင်းဆုံးဖြစ်အောင် ကြိုးစားရေးခဲ့တဲ့ ကိုယ့်ရဲ့ my self ဟာ အခု လက်ရှိ မိမိအမြင်နဲ့ ကြည့်လိုက်တဲ့အခါ လိုအပ်ချက်တွေ များနေတာကို တွေ့ခဲ့ရတယ်။ အရေးအသားက အစ အများကြီး လိုနေတာကို တွေ့ခဲ့ရတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက မိမိ သိသလောက်လေးနဲ့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားရေးခဲ့တဲ့ သူဟာလည်း ကိုယ်ပဲ။ အခု အဲဒီအချိန်တုန်းက ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး လိုအပ်နေတယ်လို့ တွေးနေတာလည်း ကိုယ်ပါပဲ။ နောင် တစ်ချိန် အခု ကိုယ် ပြန်ပြင်ရေးထားတဲ့ my self ကို ကြည့်ပြီး ထပ် ရယ်နေဦးမယ့် သူဟာလည်း ကိုယ်ပါပဲ။ အချိန်တစ်ခုပဲ ကွာနေခဲ့တာပါ။ လူကတော့ တစ်ယောက်တည်း ဖြစ်ပေမဲ့ အချိန်ပေါ် မူတည်ပြီး အတွေးအမြင်၊ အသိပညာလည်း ကွာသွားတာပါ။ ဒါဟာ my self ဆိုတဲ့ ထင်သာ မြင်သာတဲ့ စာရွက်လေး ရှိလို့သာ မိမိကိုယ်ကို ဘယ်လို ပြောင်းလဲလာတယ်ဆိုတာကို ပြန်လည် မြင်ရတာ ဖြစ်ပါတယ်။ 

     ဒါဆိုရင် ထင်သာ မြင်သာ မရှိတဲ့ လေထဲရောက်ပြီး ပျောက်သွားပေမဲ့ ခေါင်းထဲမှာတော့ ထင်ကျန်ရစ်ခဲ့တဲ့ စကားတွေ၊ အပြုအမူတွေဆိုရင်ကော ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်မလဲဆိုပြီး တွေးမိပါတယ်။ အထူးသဖြင့် လူမှုဆက်ဆံရေးမှာ တစ်ဦးနဲ့ တစ်ဦးကြားမှာ ပဋိပက္ခတွေ ဆိုတာ ရှိစမြဲပါ။ လူ တစ်ဦးနဲ့ တစ်ဦးကြားမှာလည်း ကြီးပြင်းကျင်လည်လာတဲ့ ပတ်ဝန်းကျင်၊ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံရဲ့ မတူကွဲလွဲမှုဟာ ရှိစမြဲပါ။ အဲဒီအတွက် ငါမှန်တယ်။ နင်မှားတယ်။ ဆိုပြီး တစ်ဖက်သတ် ပြောလို့ မရပါ။ အချိန်တွေ ကုန်လွန်ပြီး မိမိကိုယ်ကို ပြန်ကြည့်ပြီး ရှက်ပြုံးပြုံးတာ ကိစ္စမရှိပေမဲ့၊ သူများက ကိုယ့်ရဲ့ တစ်ချိန်က ပြောခဲ့တဲ့ စကား၊ ပြုမူခဲ့တဲ့ အပြုအမူကို ကြည့်ပြီး လှောင်ပြုံးပြုံးတာ မခံချင်ရင်တော့ ယခု အပြုအမူ အပြောအဆိုကို ဘရိတ်လေး အုပ်တတ်ဖို့တော့ လိုမယ်။ စကားဆိုတာ ပြောပြီး ပြန်ကောက် ထည့်လို့ မရတဲ့အတွက်ပဲ ဖြစ်ပါတယ်။ အတိတ်ဆိုတာလည်း time machine စီးပြီး ပြန်သွားလို့ လည်း မရတဲ့အတွက် ဖြစ်ပါတယ်။ 

     တစ်ချိန်က အေးအေးဆိုတဲ့ မိမိဟာလည်း ကိုယ်မှန်တယ်ထင်ပြီး တစ်ဖက်လူရဲ့ နေရာကို ဝင်မကြည့်မိဘဲ ပြောဆိုပြုမူမိပြီး တစ်ဖက်သားကို စိတ်ဒဏ်ရာ သို့မဟုတ် စိတ်အနှောင့်အယှက် ပေးခဲ့ဖူးတာတွေ ရှိပါတယ်။ ကိုယ့်ကိုယ်ကိုဆိုတော့ အဲဒီအခြေအနေ၊ အဲဒီအချိန်မှာ အဲဒီလို ပြုမူ ပြောဆိုရုံအပြင် မတတ်နိုင်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို ရှေ့နေလိုက်ခဲ့ပေမဲ့ အခု ပြန်လည် သုံးသပ်ဆင်ခြင်ကြည့်လိုက်တော့ အဲဒီ့တုန်းက သည်းခံလိုက်ရင် အကောင်းသားဆိုပြီး သုံးသပ်မိတာ အမှန်ပါ။

    ဆန့်ကျင်ဖက်အနေနဲ့ အောင့်အည်း သည်းခံခဲ့တဲ့ အဖြစ်တွေကို ပြန်ကြည့်ပြီး အဲဒီအချိန်တုန်းက ငါဘာလို့ သည်းခံခဲ့တာလဲ၊ မဟုတ်ရင် မဟုတ်ဘူးဆိုပြီး ပြန်လည် တုန့်ပြန်ခဲ့သင့်တာဆိုပြီး နောင်တရမိတာမျိုးလည်း ရှိပါတယ်။ လူ ဖြစ်တဲ့အတွက် အဲဒီလို ကိစ္စမျိုးကို လုံးဝမရှိအောင်တော့ မဆင်ခြင်နိုင်ပေမဲ့ နည်းသထက် နည်းအောင်တော့ ဆင်ခြင်နေပါတယ်။ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး တုန့်ပြန်သင့်လား၊ သည်းခံသင့်လား ဆိုတဲ့ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ချပြီး ပြုမူပြောဆိုနိုင်ဖို့ဆိုတာကလည်း လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ တစ်နေ့တစ်နေ့ လူအမျိုးမျိုး၊ အခြေအနေအမျိုးမျိုးကို ကြုံနေရတဲ့အတွက်ပဲ ဖြစ်ပါတယ်။ 

    ထို့အတွက် မည်သူမဆို “အခုတော့ မှန်တယ်။ အဲဒီတုန်းက မှားတယ်။”  တစ်နည်းအားဖြင့် 'နောင်တ' ဆိုတဲ့ စကားဟာ အမြဲ ကိုယ်နဲ့အတူ နောက်ကနေ တတွဲတွဲ လိုက်နေမှာပဲ ဖြစ်ပါတယ်။  ဆိုလိုချင်တာကတော့ လက်ရှိ အချိန်ကို တန်ဖိုးထားပြီး ကြိုးစားနေတဲ့ သူမှသာ အတိတ်က ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး လိုနေတယ်၊ မှားနေတယ်၊ ဆိုပြီး သုံးသပ်နိုင်ကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။ ဒါဟာ သဘာဝပဲ ဖြစ်ပါတယ်။ အဲသလို မခံစားရတဲ့ သူကသာ တစ်ခုခု လွဲမှားနေတာပါ။ 


지금은 맞고 그때는 틀리다


     영화지금은 맞고 그때는 틀리다제목을 되새기며 혼자서 얼굴에 미소를 띠고 있었다.

   사람은 늘 성장해간다. 즉 오늘보다 내일의 내가 더 아는 것이 많고, 세상을 보는 눈도 넓다. 어제 즉 과거에 내가 맞다고 생각했던 것들을 오늘 나의 시각으로 바라봤을 때 뭔가 이상하다는 느낌, 뭔가 틀렸다는 느낌을 느끼게 마련이다. 그렇다고 과거에 있었던 내가 틀렸던 것도 아니고, 지금으로서 후회할 것도 없다고 본다

   나이가 들수록 겪어본 경험, 배워온 지식, 자라온 환경에 따라서 견해도 달라지기 때문이다. 누구나 자신이 아는 만큼만 보이게 마련이니까 현재 본인이 가지고 있는 '자'로만 재곤 한다. 그 자로 과거의 자기 자신을 물론이고 다른 사람들한테도 마찬가지로 재보게 된다.

   예를 하나 들어보겠다. 나는 현재 석사 과정 마치고 졸업한 후에 취업 준비를 위한 자기소개서를 작성하고 있는데 3년 전에 대학원에 제출했던 자기소개서가 지금은 아무런 도움이 안 되고 뭔가 부족하고 뭔가 어색한 느낌이 들었다한 3년 전에 대학원 입학 서류를 작성했을 때 나의 자기소개서를 보고 웃었다. 왜 그렇게 형편 없지? 라는 생각이 들었다. 그래도 지금의 내가 형편 없다고 평가한 과거의 내 자기소개서덕분에 대학원에 입학하게 되었고 지금의 졸업생인 내가 존재한 것이다. 만약에 내가 대학원에 입학을 못했다면 그 당시에 최선을 대해서자기소개서를 작성하지 않았기 때문이라고 해야 될 것 같다. 그랬다면 지금의 나로써 과거의 나에 대한 실망 혹은 후회감을 느껴야 정상일 것이다. 아니면 지금의 내가 과거의 내 자기소개서를 보고도 뭐가 부족하고, 어떤 부분이 어색한지도 모를 수도 있다. 그런 사람이라면 성장기가 멈추어버렸다고 이야기 해야겠다. 즉 3년 전의 나와 지금의 내가 가지고 있는 지식, 배운 수준이 똑같다는 이야기다. 

    하고 싶은 말은 현재에 충실하면 된다는 말이다. 즉 지금의 내가 과거의 나를 보고 부족했네, 틀렸네, 잘 못했네…’ 라고 평가하고 있는 사람이야 말로 정상적인 사람이고, 현재(지금 이 순간)에 충실하게 열심히 살고 있는 사람이라는 얘기다  


mm.aaa.kr

:
Posted by 해맑은순이