2017년, 2018년 2년 연속으로 미얀마 교육정보화 연수 프로그램에서 통역사로서 유익한 경험을 쌓을 수 있는 기회를 얻었다. 정말로 유익하고 즐거운 경험을 하게 되어 좋았다. 오랜만에 같은 나라 사람들과 모국어로 대화하며 얼굴에 웃음의 꽃이 피었던 것 같다. 한국 사회에서 적응되어 환하게 웃지 못한지 오래되었는데 순진한 연수생들덕분에 나의 환한 미소를 되찾았던 같았다.
무엇보다 동남아시아 나라들 사이에서 미얀마는 조금 뒤쳐져 있는 나라이기 때문에 ICT 관련 지식이 아직은 많이 부족하고 공부하려고 해도 방법을 잘 알지 못하고 그러만한 정보를 제공해줄 사람도 없을 것 같다. 이 연수 프로그램을 통해서 초.중.고등학교 컴퓨터 교사들이 많은 정보와 교육 방식들을 배워갔을리라 기대해볼 수 있다. 이 연수 프로그램을 통해서 나도 ICT 에 대한 지식이 늘어났기 때문이다. 예전에 모르고 있었던 E-book 만들기, 블록형 코딩, 교육자로서 알고 있으면 유용한 assure model 등등의 강의들을 학습자 참여형식으로 진행했으니 더 효과가 있었던 것 같다. 학습자로서 직접 배운 사람이 아닌 나도 재미 삼아 e-book 만들어보고, 블록형 코딩 해보고 있다. 미얀마의 교육정보화를 희망하며~~~
၂၀၁၈၊၉၊ ၁၀-၂၀၁၈၊၉၊၂၀ ရက်နေ့အထိ
၁၀ညအိပ် ၁၁ရက် မြန်မာ့ပညာရေး ကဏ္ဍ ICT အသွင်ပြောင်းခြင်း ဆရာအတတ်သင်
သင်တန်းတွင် စကားပြန် အဖြစ် တာ၀န်ထမ်းဆောင်ခွင့် ရခဲ့ပါတယ်။ ၂၀၁၇ခုနှစ်တုန်းကလည်း တစ်ခါ
ယမန်နှစ်နဲ့ပါဆိုရင် စုစုပေါင်း ၂ကြိမ်တိတိ ဒီတာ၀န်ကို ယူခွင့် ရတာဖြစ်ပါတယ်။ မြန်မာ
အခြေခံပညာအဆင့် ဆရာ၊ ဆရာမများအား ကိုရီးယား၏ တချို့သော အခြေခံပညာကျောင်းတွေမှာ သင်ကြားနေသော
အိုင်စီတီ အသုံပြုမှု သင်ခန်းစာများကို မိတ်ဆက် သင်ကြားပေးတဲ့ သင်တန်း ဖြစ်ပါတယ်။ လျှပ်စစ်မီး
လုံလောက်စွာ မရရှိသော၊ အင်တာနက် တပ်ဆင်ထားခြင်းမရှိ၊ ကွန်ပျူတာ မပြည့်စုံသေးသော မြန်မာပြည်က
အခြေခံပညာအဆင့် ကျောင်းများ အနေအထားနဲ့ဆိုရင် အံ၀င်ခွင်ကျ ဖြစ်ရန် လိုသေးတာတော့ အမှန်ပင်
ဖြစ်လင့်ကစား အခြေပညာကျောင်းအဆင့် ကွန်ပျူတာ ဆရာ၊ဆရာများသည် နိုင်ငံတကာမှာ ဘယ်လိုနည်းပညာတွေနဲ့
စာတွေ သင်ကြားနေသလဲဆိုတဲ့ အသိ၊ ကိုယ်တိုင် ကျောင်းသားအဖြစ် သင်တန်း တက်ဖူးတဲ့အတွက်
ဘယ်လို သင်ကြားပို့ချရင် ပိုနားလည်လွယ်စေမလဲဆိုတဲ့ အသိများကို ဖြန့်ပေးသော သင်တန်းတစ်ခုလို့
ယူဆနိုင်ပါတယ်။ အနာဂတ်မှာ မြန်မာနိုင်ငံဟာလည်း အိုင်စီတီပိုင်း ဖွံ့ဖြိုးတိုးတက်လာမှာ
အမှန်ဖြစ်တဲ့အတွက် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှု လုပ်ထားတယ်လို့လည်း ဆိုလို့ရပါတယ်။
အခြေခံပညာကျောင်းအဆင့် ဆရာ၊ ဆရာမများအနေနဲ့ ပြည်ပအတွေ့အကြုံ ရစေသော တကယ် ကောင်းမွန်ပြီ
လိုအပ်သော သင်တန်းတစ်ခုလို့ ထင်မြင်မိပါတယ်။
၁၀ရက်တာ မြန်မာ ဆရာ၊ ဆရာမတွေ ICT သင်တန်းမှာ အတူလိုက်ပါ ဆောင်ရွက်ရာကနေ
ကိုယ်ပါ အများကြီး သင်ယူလိုက်ရပါတယ်။ ဆင်ဖြူတော်မှီပြီး ကြံလည်း စုပ်လိုက်ရပါတယ်။
ဥပမာ ဟန်မြစ်မှာ အပျော်စီး သင်္ဘော စီးတာတို့၊ ကိုရီးယား ရိုးရာ ဝတ်စုံ အတူ ဝတ်တာတို့၊
နမ်ဆန်းတာဝါပေါ် တက်တာ အစရှိသဖြင့်ပေါ့။ နောက်နှစ်များမှာလည်း ပြန်လည်
ဆုံတွေ့ချင်ပါသေးတယ်။
Zawgyi Font
၂၀၁၈၊၉၊ ၁၀-၂၀၁၈၊၉၊၂၀ ရက္ေန႔အထိ ၁၀ညအိပ္ ၁၁ရက္ ျမန္မာ့ပညာေရး က႑ ICT အသြင္ေျပာင္းျခင္း ဆရာအတတ္သင္ သင္တန္းတြင္ စကားျပန္ အျဖစ္ တာဝန္ထမ္းေဆာင္ခြင့္ ရခဲ့ပါတယ္။ ၂၀၁၇ခုႏွစ္တုန္းကလည္း တစ္ခါ ယမန္ႏွစ္နဲ႔ပါဆိုရင္ စုစုေပါင္း ၂ႀကိမ္တိတိ ဒီတာဝန္ကို ယူခြင့္ ရတာျဖစ္ပါတယ္။ ျမန္မာ အေျခခံပညာအဆင့္ ဆရာ၊ ဆရာမမ်ားအား ကိုရီးယား၏ တခ်ိဳ႕ေသာ အေျခခံပညာေက်ာင္းေတြမွာ သင္ၾကားေနေသာ အိုင္စီတီ အသုံျပဳမႈ သင္ခန္းစာမ်ားကို မိတ္ဆက္ သင္ၾကားေပးတဲ့ သင္တန္း ျဖစ္ပါတယ္။ လွ်ပ္စစ္မီး လုံေလာက္စြာ မရရွိေသာ၊ အင္တာနက္ တပ္ဆင္ထားျခင္းမရွိ၊ ကြန္ပ်ဴတာ မျပည့္စုံေသးေသာ ျမန္မာျပည္က အေျခခံပညာအဆင့္ ေက်ာင္းမ်ား အေနအထားနဲ႔ဆိုရင္ အံဝင္ခြင္က် ျဖစ္ရန္ လိုေသးတာေတာ့ အမွန္ပင္ ျဖစ္လင့္ကစား အေျခပညာေက်ာင္းအဆင့္ ကြန္ပ်ဴတာ ဆရာ၊ဆရာမ်ားသည္ ႏိုင္ငံတကာမွာ ဘယ္လိုနည္းပညာေတြနဲ႔ စာေတြ သင္ၾကားေနသလဲဆိုတဲ့ အသိ၊ ကိုယ္တိုင္ ေက်ာင္းသားအျဖစ္ သင္တန္း တက္ဖူးတဲ့အတြက္ ဘယ္လို သင္ၾကားပို႔ခ်ရင္ ပိုနားလည္လြယ္ေစမလဲဆိုတဲ့ အသိမ်ားကို ျဖန႔္ေပးေသာ သင္တန္းတစ္ခုလို႔ ယူဆႏိုင္ပါတယ္။ အနာဂတ္မွာ ျမန္မာႏိုင္ငံဟာလည္း အိုင္စီတီပိုင္း ဖြံ႕ၿဖိဳးတိုးတက္လာမွာ အမွန္ျဖစ္တဲ့အတြက္ အနာဂတ္အတြက္ ႀကိဳတင္ျပင္ဆင္မႈ လုပ္ထားတယ္လို႔လည္း ဆိုလို႔ရပါတယ္။ အေျခခံပညာေက်ာင္းအဆင့္ ဆရာ၊ ဆရာမမ်ားအေနနဲ႔ ျပည္ပအေတြ႕အႀကဳံ ရေစေသာ တကယ္ ေကာင္းမြန္ၿပီ လိုအပ္ေသာ သင္တန္းတစ္ခုလို႔ ထင္ျမင္မိပါတယ္။
၁၀ရက္တာ ျမန္မာ ဆရာ၊ ဆရာမေတြ ICT သင္တန္းမွာ အတူလိုက္ပါ ေဆာင္႐ြက္ရာကေန
ကိုယ္ပါ အမ်ားႀကီး သင္ယူလိုက္ရပါတယ္။ ဆင္ျဖဴေတာ္မွီၿပီး ႀကံလည္း စုပ္လိုက္ရပါတယ္။
ဥပမာ ဟန္ျမစ္မွာ အေပ်ာ္စီး သေဘၤာ စီးတာတို႔၊ ကိုရီးယား ႐ိုးရာ ဝတ္စုံ အတူ ဝတ္တာတို႔၊
နမ္ဆန္းတာဝါေပၚ တက္တာ အစရွိသျဖင့္ေပါ့။ ေနာက္ႏွစ္မ်ားမွာလည္း ျပန္လည္
ဆုံေတြ႕ခ်င္ပါေသးတယ္။










