한국-미얀마 속담-13 (ကိုရီးယား-မြန်မာ စကားပုံ-13) 언어(ဘာသာစကား)/속담(စကားပုံ)2019. 8. 9. 10:50
Zawgyi
Unicode
- 하늘의 별 따기(ကောင်းကင်က ကြယ် ခူးဆွတ်ရသလိုပဲ)
- 땅 짚고 헤엄 치기(လေးဖက်ထောက်ပြီး ရေးကူးရသလိုပဲ)
- 누워서 떡 먹기 (တုံးလုံးလှဲပြီး မုန့် စားသလောက်ပဲ ရှိတယ်)
- 식은 죽 먹기 (အအေးခံပြီးသား ဆန်ပြုတ် သောက်သလိုပဲ။)
하늘의 별 따기 ကောင်းကင်က ကြယ် ခူးဆွတ်ရသလိုပဲ။
ဒီစကားကတော့ အလွန်အင်မတန် ခက်ခဲတဲ့ အလုပ်ကို ခိုင်းနှိုင်းပြောတဲ့အခါမှာ သုံးပါတယ်။ ဥပမာ ကုမ္ပဏီကြီးမှာ အလုပ်ရဖို့ဆိုတာ ပြောသလောက် မလွယ်ဘူး။ ကောင်းကင်က ကြယ်ကို ခူးဆွတ်ရသလိုပဲ။ ခက်ခဲတဲ့အကြောင်းကို နှိုင်းပြီး ပြောတဲ့အခါမှာ သုံးတဲ့ အသုံးဖြစ်ပါတယ်။ သူ့ရဲ့ ဆန့်ကျင်ဖက် အသုံးတွေကတော့ အောက်မှာ ဖော်ပြထားတဲ့ 3ခုပါ။
땅 짚고 헤엄 치기 အရမ်း လုပ်ရ လွယ်ကူတဲ့ အလုပ်ကို နှိုင်းပြီး ပြောတဲ့နေရာမှာ သုံးပါတယ်။ မြေကြီးကို လက်ထောက်ပြီး ရေကူးရသလိုပဲ။ အလွယ်လေးပဲ ဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။
누워서 떡 먹기 သူလည်း ထိုနည်း တူစွာပဲ အရမ်း လွယ်ကူတဲ့ အလုပ်ကို နှိုင်းပြောတာ ဖြစ်တယ်။ ဥပမာ ကိုရီးယား topik စာမေးပွဲက ငါ့အတွက်တော့ အေးအေးဆေးဆေး တုံးလုံးလှဲပြီး မုန့် စားသလောက်ပဲ။ အဲ့သလောက်ကို လွယ်တယ်ဆိုပြီး ပြောချင်တဲ့အခါ သုံးပါတယ်။
식은 죽 먹기 အအေးခံပြီးသား ဆန်ပြုတ် သောက်သလိုပဲ။
သူလည်း လွယ်ကူတဲ့ အလုပ်ကို ပြောချင်တာ။ အေးနေတဲ့ ဆန်ပြုတ် သောက်ရတာ ဘာအခက်အခဲမှမရှိ အလွယ်တကူ မြိုချရုံပဲဆိုတော့ အလွန် လွယ်ကူစွာ လုပ်လို့ ရတဲ့အကြောင်း၊ ဒီလောက်ကတော့ ပါမွှားပါကွာ။ ဆိုတဲ့ သဘောပါတယ်.
mm.aaa.kr
'언어(ဘာသာစကား) > 속담(စကားပုံ)' 카테고리의 다른 글
한-미얀마 유사한 속담(ကိုရီးယား-မြန်မာ စကားပုံ 15) (0) | 2020.03.17 |
---|---|
한-미얀마 유사한 속담(ကိုရီးယား-မြန်မာ စကားပုံ 14) (0) | 2019.08.22 |
한국-미얀마 유사 속담 11, ကိုရီးယား မြန်မာ ဆင်တူရိုးမှား စကားပုံများ 11 (0) | 2019.02.24 |
한-미얀마 속담-12(ကိုရီးယား-မြန်မာ စကားပုံ -12) (0) | 2019.01.14 |
한-미얀마 유사 속담-10, ကိုရီးယား-မြန်မာ စကားပုံ-10 (0) | 2018.12.30 |